Home
မြန်မာသတင်း
မလေးရှားကို မြန်မာအလုပ်သမား မပို့တော့ဟု ဆို
DVB
·
January 17, 2016
မလေးရှားဗီဇာကြေး တိုးမြှင့်ကောက်ခံမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မြန်မာ အလုပ်သမား များ မလေးစေလွှတ်ခြင်းကို ဇန်န၀ါရီ၁၈ရက်ကစလို့ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားမယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ဇန်န၀ါရီ ၁၆ ရက်နေ့က ဆုံးဖြတ်လိုက်ကြ ပါတယ်။ မလေးရှားဗီဇာကြေးကို အရင် အမေရိကန်ဒေါ်လာ ၆ ဒေါ်လာ ကောက်ခံနေရာက  ဇန်နဝါရီ ၁၈ ရက်မှ စပြီး  ၅၇ ဒေါ်လာ တိုးကောက်မယ်လို့ မလေးအစိုးရက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ကြေညာခဲ့ပါတယ်။ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများရဲ့ မလေးဗီဇာတိုးကောက်ခြင်း ဆန့်ကျင်ဆန္ဒပြပွဲ တွေကိုလည်း ရန်ကုန်မှာ ဇန်န၀ါဂီ ၁၈ရက်ကစပြီ ၃ရက်တိုင် လုပ်သွားမယ်လို့ ဆိုပါတယ်။ အသင်းရဲ့ စာရင်းဇယာတွေအရ တလ တလ မြန်မာအလုပ်သမား ၃၀၀၀ လောက် မလေးရှားကို သွားရောက်အလုပ်လုပ်နေကြပြီး မလေးမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ၄ သိန်းကျော် ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024