နိုဘယ်-မြန်မာစာပေပွဲတော် ၂၀၁၆ (ဓာတ်ပုံ)
DVB
·
January 16, 2016
နိုဘယ်-မြန်မာ စာပေပွဲတော် ၂၀၁၆ ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Event Park မှာ ဇန်န၀ါရီ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပနေပါတယ်။
စာပေပွဲတော် ၃ ရက်အတွင်း ပြည်တွင်းပြည်ပ ပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲ၊ ရေးသူဖတ်သူ တွေ့ဆုံပွဲ၊ ကဗျာရွတ်ပွဲနဲ့ မြန်မာပြန် စာအုပ်ပြပွဲ၊ စာအုပ်ဈေးရောင်းပွဲတော်တွေ ပြုလုပ်ပါတယ်။
အခု ကျင်းပနေတဲ့ နိုဘယ်-မြန်မာ စာပေပွဲတော်ဟာ ဒုတိယအကြိမ်ကျင်းပနေတာဖြစ်ပြီး ပထမအကြိမ် နိုဘယ်-မြန်မာစာပေပွဲတော်ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။