Home
မြန်မာသတင်း
ထိုင်းထုတ် အချိုရည် သောက်မိသည့် ကျောင်းသူ ၄ ဦး အစာအဆိပ်သင့်
DVB
·
January 16, 2016
ထိုင်းနိုင်ငံထုတ် Ranger အချိုရည် သောက်ပြီး ကျောင်းသူ ၄ယောက် အစာအဆိပ်သင့်ခဲ့ကြလို့ ဆေးရုံတင်ကုသခဲ့ရပါတယ်။ ကော့သောင်းမြို့ခံ ဒီဗွီဘီသတင်းထောက် လတ်ကိုကိုဦးက တနင်္သာရီတိုင်း ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းက ပဉ္စမတန်း ကျောင်းသူ ၄ ဦး အစာအဆိပ်သင့်ပြီး ဇန်န၀ါရီလ ၁၅ ရက်နေ့က ဆေးရုံမှာ ဆေးကုသခံယူခဲ့ရတယ်လို့ ပြောပါတယ်။ ကျောင်းသားတွေဟာ သက်တမ်းလွန်နေတဲ့ Ranger အချိုရည်ကို တဘူး ကျပ် ၂၀၀ နဲ့ ဝယ်ယူသောက်သုံးခဲ့ကြောင်း ခဏအကြာမှာ မူးဝေ အော့အန်ပြီး ကိုယ်အပူချိန် တက်လာတဲ့ အတွက် ဆရာမတွေက ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အစာအဆိပ်သင့်သူတွေဟာ ပဉ္စမတန်းမှာ ပညာသင်ကြာနေတဲ့ မဆောင်းသန္တာမိုး၊ မမေသူငြိမ်း၊ မမိုးသဲဇွန်၊ မခင်သဲမွန်နဲ့ မမြတ်စန္ဒိမိုးတို့ ဖြစ်ပါတယ်။ ညနေ ၄ နာရီမှာတော့ ဆရာဝန်က အစာအဆိပ်သင့်ပြီး ဆေးရုံရောက်လာတဲ့ ကျောင်းသားအားလုံးကို အိမ်ပြန်ခွင့်ပေးခဲ့သလို့ ဆိုင်မှာ တင်ရောင်းနေတဲ့ အချိုရည်ဗူးတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုက်လံ သိမ်းဆည်းခဲ့ပါတယ်။ အဲ့ဒီ အချိုရည်ကို တနေ့ ၂ ဗူးအထက် မသောက်သုံးသင့်သလို ကလေးငယ်နဲ့ ကိုယ် ဝန်ဆောင်မိခင်တွေ မသောက်သုံးသင့်ကြောင်း သတိပေးစာကို အချိုရည်ဗူးထဲမှာ ဖော်ပြ ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024