ဘာကီနာဖာဆို ဟိုတယ်စီးနင်းမှု အနည်းဆုံး လူ ၂၀ သေဆုံး (ရုပ်သံ)

အာဖရိကတိုက် အနောက်ပိုင်းရှိ ဘာကီနာဖာဆိုမြို့တော် ကွာကဒူ ဟိုတယ်တခုမှာ သေနတ်သမား တဦးက ၀င်ရောက် ဖြစ်ခတ်ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၂၀ ဦးသေဆုံးခဲ့သလို တခြားလူတွေကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားပါတယ်။ နိုင်ငံခြားသားတွေ အများဆုံး လာရောက်တည်းခိုလေ့ရှိတဲ့ စပန်ဒစ်ဟိုတယ်ကို ဇန်န၀ါရီ ၁၅ ရက် ညပိုင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အစ္စလာမ္မစ် မာဟာရက်က အယ်လ်ကိုင်းဒါး (AQIM)က ဒီတိုက်ခိုက်မှုမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။ ပထမဆုံးအကြိမ် ဘာကီနာဖာဆိုမြို့တော်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မျက်နှာဖုံးစွပ်လူတွေက ဟိုတယ်ကို ၀င်ရောက် စီးနင်းခဲ့တာ ဖြစ်ပြီး အပြင်ဘက်က ကားတွေကို မီးရှို့ခဲ့သလို ဟိုတယ်အတွင်းက လူတွေ အပြင်ကို ထွက်ဖို့ အတွက် သေနတ်တွေကို မိုးပေါ်ထောင်ပစ်ခဲ့ပါတယ်။ ဘာကီနာဖာဆို ဆက်သွယ်ရေး ၀န်ကြီးကတော့ ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့သူတွေကို လွတ်ပေးခဲ့ပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်နေတယ်လို့ လူမှုရေးကွန်ရက်တွစ်တာမှာ ရေးပါတယ်။ ဇန်န၀ါရီ ၁၆ ရက်မှာတော့ လုံခြုံရေး အဖွဲ့တွေ့က ဟိုတယ်ကို ပြန်လည် သိမ်းဆည်းဖို့ အတွက် စီးနင်းနေတယ်လို့ ဆိုပါတယ်။ ဒီဟိုတယ်မှာ အစ္စလာမ္မစ်စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့အတွက် ပြင်သစ်စစ်သားတွေက အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်သူတွေက နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆေးရုံပေါ် ရောက်နေတဲ့ ဒဏ်ရာရ ဥရောပ အမျိုးသမီးတဦးက ပြောပါတယ်။ အာဖရိက အနောက်ပိုင်း ကုန်းတွင်းပိတ် ဘာကီနာဖာဆိုနိုင်ငံဟာ အစ္စလာမ္မစ်တွေကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားနောတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up