ဟယ်ရီပေါ်တာဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် ဗြိတိန်ရုပ်ရှင်မင်းသား ကွယ်လွန်

ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကားထဲမှာ ပရော်ဖက်ဆာ စနိတ်ပ်အနေနဲ့ သရုပ်ဆောင်ခဲ့ပြီး တခြား ဟောလိဝုဒ် ဇာတ်ကား အတော်များများမှာ ပါဝင်ခဲ့တဲ့ ဗြိတိန် ရုပ်ရှင်မင်းသား အလန် ရစ်ခ်မဲန်းဟာ အသက် ၆၉ နှစ်အရွယ် ဇန်န၀ါရီ ၁၄ ရက်နေ့က ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။ သူဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဘရော့ဒ်ဝေး တင်ဆက်မှုပုံစံ ဇာတ်ကားတွေမှာ အကြီးအကျယ် ပေါက်ခဲ့တာပါ။ အဲဒီနောက် ပထမဆုံး အကြီးစား ရုပ်ရှင် Die Hard ဇာတ်ကားမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် ပထမဆုံး ဗီလိန်ဇာတ်ရုပ်အနေနဲ့ "Robin Hood: Prince of Thieves." ဇာတ်ကားထဲမှာ နော့တင်းဟမ် ငြိမ်ဝပ်ပိပြားရေး အရာရှိအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွေထဲမှာ ဆက်တိုက်ဆိုသလို သရုပ်ဆောင်ခဲ့တာပါ။ သူ့မိသားစုက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ သူဟာ ကင်ဆာရောဂါကို ခုခံ ကုသနေရင်း သေဆုံးတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up