ဒီဗွီဘီ ဖေ့စ်ဘွတ်စာမျက်နှာအတုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိ
DVB
·
January 15, 2016
ဒီဗွီဘီရုပ်သံသတင်းစာမျက်နှာ (DVB TV News) အမည်ဖြင့်ဖေ့စ်ဘွတ် (Facebook) စာမျက်နှာ အတုတစ်ခု ပေါ်နေပြီး ဒီဗွီဘီသတင်းစာမျက်နှာအစစ်မှာ (DVB TV News) ဟူသောအမည်၏ ဘေးတွင် အပြာရောင် အမှန်ခြစ်ကလေးပါရှိပါသည်။
ယခုပေါ်ပေါက်နေသော စာမျက်နှာအတု တွင် ယင်းအမှတ်အသားမပါရှိပါ။ ယင်းဒီဗွီဘီစာမျက်နှာအတုတွင် ပါရှိသော ရေးသားဖော်ပြချက်များ၊ ဓာတ်ပုံနှင့် ဗီဒီယိုများသည် ဒီဗွီဘီသတင်းဌာနနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေး ကြေညာအပ်ပါသည်။
ဒီဗွီဘီ သတင်းဌာန