မြန်မာအသင်း ကူဝိတ်ကို ၃ ဂိုးပြတ် အလိုအလျောက်အနိုင်ရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကူဝိတ်အသင်းကို အရေးယူထားတာကြောင့်  မြန်မာအသင်းက ကူဝိတ်အသင်းကို ၃-၀ ဂိုးနဲ့ အလိုအလျောက် အနိုင်ရသွားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ကူဝိတ်အသင်းဟာ မြန်မာအသင်းနဲ့အတူ  ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲကို အာရှဇုန် အုပ်စု(ဆ)မှာ ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပြီး ကူဝိတ်အစိုးရက ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကိစ္စရပ်တွေကို ၀င်ရောက်စွက်ဖက်ခဲ့လို့ နိုဝင်ဘာလ ၁၇ရက်  မြန်မာနဲ့ ကန်မယ့် ခြေစစ်ပွဲစဉ်ကို ဖျက်သိမ်းခဲ့တဲ့ အပြင် ပြည်ပပွဲကစားခွင့်တွေပါ ခေတ္တပိတ်ပင်ထားရပါတယ်။ ဒါ့အပြင် ကူဝိတ်အသင်းကို ဒဏ်ငွေ ဆွစ်ဖရန့်- ၁၀,၀၀၀ (ပေါင် ၆၈၇၂ )နဲ့ အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ  မြန်မာအသင်းကို  (၃-၀)နဲ့ အနိုင်ပေးခဲ့ရတဲ့ ပြစ်ဒဏ်ကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)ကဗုဒ္ဓဟူးနေ့က ချမှတ်ခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ကာတာနိုင်ငံမှာ ကစားခဲ့တဲ့ မြန်မာနဲ့ ကူဝိတ်အသင်းတို့ရဲ့ ပထမအကျော့ ခြေစစ်ပွဲမှာတော့  ကူဝိတ်က မြန်မာကို  ၉-၀ ဂိုးနဲ့ အနိုင်ရရှိထားတာပါ။ အာရှဇုန် အုပ်စု(ဆ)မှာ တောင်ကိုရီုးယား၊ လက်ဘနွန်၊ ကူဝိတ်၊  မြန်မာ၊ လာအိုတွေ တအုပ်စုထဲ ပါဝင် နေတာဖြစ်ပြီး   တောင်ကိုရီးယားက ရမှတ် ၁၈ မှတ်နဲ့ အုပ်စု ပထမ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ကူဝိတ်အသင်းကရမှတ် (၁၀)မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာလက်ဘနွန်နဲ့ အတူ ရပ်တည်နေပြီး မြန်မာကတော့ရမှတ်(၇)မှတ်နဲ့ အုပ်စု စတုတ္ထနေရာမှာ ရှိနေပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ လာမယ့် မတ်လမှာ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် လက်ဘနွန် အသင်းနဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up