Home
မြန်မာသတင်း
လုပ်ငန်းအမျိုးအစားအလိုက် ပတ်ဝန်းကျင်ထိခိုက်မှုများကို စစ်ဆေးတော့မည်
ပိုင်စိုး
·
January 15, 2016
လုပ်ငန်းအမျိုးအစားအလိုက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ထုတ်လွှတ်မှု လမ်းညွှန်ချက်တွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ၀န်ကြီးဌာနက ဇန်န၀ါရီ ၁၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်းတွေ၊ လယ်ယာ၊ သစ်တော၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အပါအ၀င် ၀န်ဆောင်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေအတွက်လည်း ပါဝင်ပါတယ်။ ဥပမာအားဖြင့် ကျွဲ၊ နွား၊ ဆိတ် စတာတွေကို အကောင် ၅၀၀ နဲ့ အထက် မွေးမြူမယ်ဆိုရင် ကနဦး ပတ်ဝန်းကျင် ဆန်းစစ်တာ လုပ်ဖို့လိုပါတယ်။ ချည်မျှင်နဲ့အထည်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကတော့ ဘယ်အရွယ်အစားမှာမဆို ဆန်းစစ်တာ လုပ်ဖို့လိုမှာပါ။ လုပ်ငန်းအမျိုးအစားအလိုက် ထုတ်လွှတ်အခိုးအငွေ့၊ ဆူညံသံ၊ အနံ့နဲ့ အရည်/ စွန့်ထုတ်အရည်တွေနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်နဲ့ ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်မှာ သတ်မှတ်ဖော်ပြထားတဲ့အတိုင်း တိုင်းတာ တာတွေလုပ်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလုပ်ထုံးလုပ်နည်းမှာ ဒဏ်ကြေးနဲ့ အရေးယူတာတွေလည်း ပါရှိပါတယ်။ တင်သွင်းရမယ့် အစီရင်ခံစာကို ၀န်ကြီးဌာနက သတ်မှတ်တဲ့ရက်မှာ မတင်သွင်းဘူးဆိုရင် ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၅၀၀ အထိ၊ ရက်လွန်ဒဏ်ကြေး ၁၀ ဒေါ်လာကနေ ၂၅ ဒေါ်လာ အထိ သတ်မှတ်ထားပါတယ်။ ပြီးတော့ လူမှုရေးထိခိုက်မှုတွေအရ ပေးလျော်ဖို့ သတ်မှတ်တဲ့ လျှော်ကြေးကိုပေးဖို့ ပျက်ကွက်ရင် အမေရိကန်ဒေါ်လာ ၁၀၀၀ ကနေ တစ်သောင်းအထိ သတ်မှတ်နိုင်ပါတယ်။ ပြီးတော့ တချို့လုပ်ရပ်တွေကြောင့် လုပ်ငန်းရပ်ဆိုင်းတဲ့အထိ အရေးယူနိုင်တယ်လို့လည်း သတ်မှတ်ထား ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024