အိုင်အက်စ် ထိန်းချုပ်ထားသည့် ဘဏ်တခုကို အမေရိကန်နှင့် မဟာမိတ်တပ် တိုက်ခိုက် (ရုပ်သံ)

အီရတ်မြောက်ပိုင်းက အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့မြို့တော်အဖြစ် သတ်မှတ်ထားတဲ့ မွန်ဆိုလ်မြို့မှာ အိုင်အက်စ် အကြမ်းဖက်တွေ ထိန်းချုပ်ထားတဲ့ ဘဏ်တိုက်တခုကို အမေရိကန်နဲ့ မဟာမိတ်လေတပ်က ဇန်န၀ါရီ ၁၁ ရက်နေ့မှာ တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ မွန်ဆိုလ်မြို့အရှေ့ပိုင်းမှာရှိတဲ့ ဒီဘဏ်ကို အမေရိကန် မဟာမိတ်တပ်တွေရဲ့ စစ်ရေး မဟာဗျူဟာတခုဖြစ်တဲ့ အိုင်အက်စ် အကြမ်းဖက် ဘဏ္ဍာရေးထောက်တိုင် တိုက်ခိုက်ချေမှုန်းရေး မဟာဗျူဟာနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူအနည်းဆုံး ၁ ဦး သေဆုံးခဲ့တာ တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း အီရတ်နိုင်ငံမြောက်ပိုင်းတခွင်ကို သိမ်းပိုက်ခဲ့တဲ့ အိုင်အက်စ် အကြမ်းဖက်တွေဟာ အခုလိုဘဏ်မျိုးတွေကနေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ လောက် သိမ်းယူခဲ့ကြတယ်လို့ အီရတ်အာဏာပိုင်တွေက ဆိုပါတယ်။ ဇန်န၀ါရီ ၁၁ ရက် အမေရိကန် လေကြောင်းပစ်ခတ်မှု ၂၃ ခုထဲက တခုဖြစ်ပြီး အိုင်အက်စ် အကြမ်းဖက်စစ်ဆင်ရေး ကွပ်ကဲရေးစခန်းတွေ၊ ရှေ့တန်းစခန်းတွေ ပါဝင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up