ရန်ကုန်တွင် ငလျင် နှစ်ကြိမ်လှုပ်
DVB
·
January 13, 2016
ရန်ကုန်မြို့မှာ ဇန်န၀ါရီ ၁၂ ရက် ည ၉ နာရီခွဲလောက်က ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့မှာ ည ၉ နာရီခွဲလောက်က လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၈ ရှိ ငလျင်ရဲ့ ဗဟိုချက်ကတော့ ရန်ကုန်မြို့တောင်ဘက် လက်ခုတ်ကုန်း ကမ်းခြေတ၀ိုက်ဖြစ်ပြီး ၁၇ မိနစ်အကြာမှာ နောက်ဆက်တွဲ ငလျင်ငယ်တခုပါ ထပ်မံလှုပ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတင်းထပ်မံထုတ်ပြန်ပါတယ်။
အဲဒီငလျင်လှုပ်ခတ်မှုတွေကြောင့် ရန်ကုန်တိုင်းက မြို့နယ်တွေမှာ တုန်ခါမှုတွေကို သိသိသာသာ ခံစားခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။