တူရကီဟက်ကာတဦး ထောင်ဒဏ် ၃၃၄ နှစ် ချမှတ်ခံရ

တူရကီနိုင်ငံမှာ ဘဏ်အိုင်ဒီကတ်အတုတွေနဲ့ လိမ်လည်ကျူးလွန်မှုပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ဟက်ကာတဦးကို ထောင်ဒဏ် ၃၃၄ နှစ် ချမှတ်ခဲ့တယ်လို့ သည်ဟက်ကာနယူးစ်မှာ ဇန်န၀ါရီ ၁၁ ရက်နေ့က ဖော်ပြပါတယ်။ အော်နာကော့ပ်ချာ အမည်ရတဲ့ အဲဒီအမျိုးသားကို ၂၀၁၃ ခုနှစ်မှာ ဘဏ်လုပ်ငန်း ၀က်ဘ်ဆိုက်စာမျက်နှာတခုကို တိုက်ခိုက်ခဲ့ကာ အယောင်ဆောင်လုပ်ငန်း လုပ်ဆောင်မှုတွေ လုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာပါ။ သူနဲ့ တခြားပါဝင်သူ ၁၁ ဦးဟာ ဘဏ်ရဲ့ လုပ်ငန်းလုပ်ဆောင်မှု အကောင့်တွေထဲ ၀င်ရောက်ကာ တရားမ၀င် ခရက်ဒစ်ကတ်နဲ့ သတင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းလုပ်ဆောင်ချက်တွေကို ခိုးယူခဲ့တဲ့အတွက် တူရကီအာဏာပိုင်တွေက ကနဦး ထောင်ဒဏ် ၁၉၉ နှစ် ၇ လနဲ့ ၁၀ ရက် ချမှတ်ခဲ့တာပါ။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ကာလတွေမှာ တခြားသော ဘဏ်ဝန်ဆောင်မှု သုံးစွဲသူ ၁၁ ဦးက သူတို့ရဲ့ ငွေပေးချေမှုကတ်တွေအပေါ် တရားမ၀င် ကျူးလွန်ခဲ့တယ်လို့ စွဲချက်တင်ခဲ့ကြတာမို့ တရားရုံးက ထပ်တိုးထောင်ဒဏ် ၁၃၅ နှစ်ကို ချမှတ်လိုက်တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ ဆိုက်ဘာပြစ်မှု ကျူးလွန်တဲ့သူတွေကို ချမှတ်တဲ့ ပြစ်ဒဏ်တွေထဲမှာ အကြီးမားဆုံး ပြစ်ဒဏ်တခု ဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up