ဂျပန်နိုင်ငံမှ အရွယ်ရောက်သူများနေ့ (သတင်းဓာတ်ပုံ)

အသက် ၂၀ ပြည့်ပြီးသူတွေကို အရွယ်ရောက်သူတွေလို့ နိုင်ငံတော်က သတ်မှတ်ကာ ဇန်န၀ါရီလ ဒုတိယပတ် တနင်္လာနေ့မှာ ဂျပန်အစိုးရက ရုံးပိတ်ရက်အနေနဲ့ သတ်မှတ်ပြီး သီးခြားအခမ်းအနားတွေနဲ့ ဂုဏ်ပြုလေ့ရှိပါတယ်။ ဂျပန်နိုင်ငံမှာ အသက် ၂၀ ပြည့်ပြီးသူများသာ အရက်သေစာ၊ ဆေးလိပ် စားသောက်ဝယ်ယူခွင့်ရှိပြီး အသက် ၂၀ အောက်လို့ သံသယရှိပါက သက်သေခံကတ်ပြား တောင်းခံတတ်ကြပါတယ်။ ဘဏ်ငွေချေးယူခွင့်နဲ့ အခြား လောင်းကစားပွဲများ ၀င်ရောက်ခွင့်တွေလည်း အသက် ၂၀ ပြည့်ပြီးမှ ၀င်ရောက်ခွင့်ရကြမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခု ဇန်န၀ါရီလ ၁၁ ရက်နေ့က ဂျပန်နိုင်ငံမှာ အသက် ၂၀ ပြည့်သူ လူငယ်အမျိုးသား ၆၂ သိန်းနဲ့ လူငယ်အမျိုးသမီး ၅၉ သိန်းရှိတယ်လို့ ဂျပန်အစိုးရက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ အသက် ၁၆ နှစ်ပြည့်ပြီးသူများကို အရွယ်ရောက်သူများအဖြစ် သတ်မှတ်ထားကာ အခြားနိုင်ငံ တော်တော်များများကတော့ အသက် ၁၈ နှစ် သတ်မှတ်ထားကြပါတယ်။ ထိုင်းနိုင်ငံမှာ အသက် ၂၀ နဲ့ ဆော်ဒီအာရေဗီးယား၊ အီရန်နဲ့ ယီမင်နိုင်ငံတွေမှာတော့ အသက် ၁၅ နှစ်ကို သတ်မှတ်ထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up