ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံ ရောက်ရှိ (သတင်းဓာတ်ပုံ)

မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဂျွန်နီကိုလပ်စ် ရေးနိုးလ်ဟော်တွန်ကို မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  သတင်းထုတ်ပြန်ပါတယ်။ ကြိုတင် ကြေညာခြင်းမရှိဘဲ ရောက်ရှိလာတဲ့ ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခရီးစဉ် အသေးစိတ်နဲ့ ပတ်သက်လို့တော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အနောက်နိုင်ငံတွေရဲ့ ကာကွယ်ရေးဦးစီးချုပ်တဦး မြန်မာနိုင်ငံကို ရှားရှားပါးပါး လာရောက်လည်ပတ်မှုဖြစ်ပြီး သူ့အရင်က ဗြိတိန်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချက်ဒ်ဟာလည်း ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ကာ  လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမှာ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ သတင်းဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ့စ်ဘွတ်ခ်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up