A d v e r t i s e m e n t With Us

ဘောင်းဘီမပါဘဲ စီးနင်းရသည့် မြေအောက်ရထားစီးပွဲ ကျင်းပ (ဓာတ်ပုံ)

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ အမျိုးသား၊ အမျိုးသမီးတွေဟာ ဘောင်းဘီမပါဘဲ စီးနင်းရတဲ့ မြေအောက်ရထားစီးပွဲကို ဇန်န၀ါရီ ၁၀ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ လူတွေဟာ ရာသီဥတုနဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် ဦးထုပ်တွေ၊ လည်စည်းပုဝါတွေ၊ ကုတ်အင်္ကျီတွေကို ခါးအထက်ပိုင်းမှာ ဆင်ယင်ကြပေမယ့် အောက်ပိုင်းမှာတော့ ဘောင်းဘီမပါဘဲ ဆင်နွှဲခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ အဲဒီနေ့ ညနေ ၃ နာရီမှာ လူတွေဟာ စုရပ်နေရာ ၇ ခုကနေ ထွက်ခွာပြီး ယူနီယံစကွဲရင်ပြင်ဆီ သွားခဲ့ကြတာပါ။ ဒီပွဲတော်ကို ၂၀၀၂ ခုနှစ်ကတည်းက Improv Everywhere အဖွဲ့က လူ ၇  ဦးတည်းနဲ့ ဦးဆောင်ကာ လွတ်လပ်ပျော်ရွှင်စွာ သရုပ်ဖော်ဖို့ ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာတော့ ပါဝင်လှုပ်ရှားသူ ၁၅၀ ထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ Improv Everywhere ၀က်ဘ်ဆိုက် အင်တာနက်စာမျက်နှာမှာတော့ “ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေဟာ လှုပ်ရှားမှုကာလတွင်းမှာ ဘယ်သူ့ကိုမှ စကားမပြောရဘဲ အုပ်စုငယ် ခေါင်းဆောင်တွေနဲ့အတူ လှုပ်ရှားကြရတာပါ” လို့ ဖော်ပြထားပါတယ်။ “တယောက်နဲ့တယောက် စကားမပြောကြဘဲ အထဲမှာ မဂ္ဂဇင်းတခုခု ဖတ်နေတာ၊ လုပ်ရိုးလုပ်စဉ်အတိုင်း အုပ်စုငယ်ခေါင်းဆောင်တွေရဲ့ ညွှန်ကြားမှုအတိုင်း လုပ်ဆောင်ကြရမှာ ဖြစ်တယ်” လို့ ညွှန်ကြားချက်မှာ ရေးထားတာပါ။ ခုချိန်မှာတော့ ဒီပွဲတော်ကို ဒါဇင်နဲ့ချီတဲ့ ကမ္ဘာ့နိုင်ငံတွေမှာ နှစ်စဉ် ကျင်းပနေကြပြီဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up