A d v e r t i s e m e n t With Us

ပြည်တွင်းစစ်ရပ်တန့်ရေးအတွက် ကျောက်ဖြူတွင် ဆန္ဒပြ

ဓာတ်ပုံ - TunTunNaing KSNG
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ပြည်တွင်းစစ်ရပ်တန့်ရေးအတွက် ဒေသခံ ၃၀၀ လောက်က  ဇန်န၀ါရီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကျောက်ဖြူမြို့ ဘုရားကြီးတောင်ကွင်းကနေစပြီး မြို့တွင်းလှည့်လည်ကာ stop civil war ပြည်တွင်းစစ် ချက်ချင်းရပ်၊ ငြိမ်းချမ်းရေးသာ အလိုရှိသည်၊ စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြခဲ့ကြတာပါ။ “ရခိုင်တပ်မတော်နဲ့ အစိုးရတပ်မတော် တိုက်ပွဲတွေ ဖြစ်နေတာကို ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆီ သွားနေပါတယ်လို့ ပြောနေတဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်တွေဖြစ်နေတာ တွေ့နေရတယ်။ စစ်ဖြစ်နေရင် ဖွံ့ဖြိုးတိုးတက်ရေးဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီကို အမြန်သွားချင်ပါတယ်။ စစ်ပွဲအမြန်ရပ်ပေးပါလို့ တောင်းဆိုပါတယ်” လို့ ဆန္ဒပြဦးဆောင်သူတဦးဖြစ်တဲ့ ကိုထွန်းကြည်က ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်တွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးဖြေရှင်းသင့်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုစိုးလွင်က ပြောပါတယ်။ “စစ်ဖြစ်နေရင် လူတွေလည်း ဒုက္ခရောက်တယ်။ ငြိမ်းချမ်းရေးကို စားပွဲဝိုင်းဆွေးနွေးပွဲမှတဆင့် အဖြေရှာသင့်ပါတယ်။ စစ်ကို အမြန်ဆုံး ရပ်တန့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။” ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား ဒီဇင်ဘာ ၂၇ ရက်ကစ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် စစ်ဘေးထွက်ပြေး တိမ်းရှောင်ခဲ့ရလို့ အခုချိန်ထိ အိမ်မပြန်နိုင်သေးပဲ ရှိနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up