A d v e r t i s e m e n t With Us

စမ်းချောင်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား (သတင်းဓာတ်ပုံ)

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကျွန်းတောမြောက်ရပ်ကွက် မြသီတာလမ်း ဂွဈေးအနီးမှာ  ဇန်န၀ါရီ ၁၁ ရက် မနက်က မီးလောင်မှုဖြစ်ပွားပြီး နံနက် ၁၁ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။ မီးလောင်မှုကို Level အဆင့် ၄၊ တိုင်းအဆင့် မီးသတ်အကူယာဉ်တွေ စေလွှတ်ပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အိမ်ခြေ ၇ လုံးလောက် မီးလောင်ပျက်စီးပြီး အဲဒီထဲမှာ ဆန်ဆိုင်တဆိုင်နဲ့ ကုန်စုံဆိုင်တချို့လည်းပါသွားပေမယ့် ပျက်စီးဆုံးရှုံးမှုပမာဏဘယ်လောက်ရှိလဲဆိုတာ မသိရသေးပါဘူး။ မီးလောင်မှုမှာ လူတွေ ထိခိုက် ဒဏ်ရာရ သေဆုံးခဲ့တာတော့မရှိပါဘူး။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော်၊ မျိုးဇော်လင်း  

A d v e r t i s e m e n t With Us

More News
Up