A d v e r t i s e m e n t With Us

ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလအတွင်း အသင်းမပြောင်းဟု ဒေါ့မွန်တိုက်စစ်မှူး ပြော

ဓာတ်ပုံ - ရိုက်တာ
ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလအတွင်း အသင်းကို စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ ဒေါ့မွန်တိုက်စစ်မှူး အာဘာမီယန်းက ပြောပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီနှစ် ရာသီမှာ ခြေစွမ်းပြနိုင်လို့ ဥရောပ ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။ "ဒေါ့မွန်မှာပဲ ဆက်နေမှာပါ၊ ဒီမှာနေရတာ ပျော်ပါတယ်" လို့ တိုက်စစ်မှူးက ပြောပါတယ်။ ဂါဘွန်တိုက်စစ်မှူး အာဘာမီယန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၂၀၁၅ အတွက် အာဖရိကရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိထားပါတယ်။ သူဟာ ဂါဘွန်နိုင်ငံကနေ အာဖရိက အကောင်းဆုံး ကစားသမားဆုကို ပထမဆုံး ရတဲ့သူအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အာဘာမီယန်းဟာ ဒီနှစ်ရာသီမှာ ဒေါ့မွန်အတွက် ၁၇ ပွဲ ကစားပေးထားပြီး ၁၈ ဂိုး သွင်းယူထားပါတယ်။ သူဟာ ဒေါ့မွန်ကို ၂၀၁၃ မှာ ရောက်ရှိလာပြီး ၁၁၉ ပွဲမှာ ၆၈ ဂိုး သွင်းယူပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up