A d v e r t i s e m e n t With Us

အက်ဖ်အေဖလားပွဲစဉ် ချဲလ်ဆီး ၂ – ၀ စကန်သို (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၁၀ ရက် ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား တတိယအဆင့် ရှုံးထွက်ပွဲစဉ်မှာ ချဲလ်ဆီးက စကန်သိုအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးဟာ ဒုတိယတန်းအသင်းဖြစ်တဲ့ စကန်သိုကို အိမ်ကွင်းမှာ သက်တောင့်သက်သာ ကစားပြီး အနိုင်ရသွားတာပါ။ ဦးဆောင်ဂိုးကို ၁၃ မိနစ်မှာ ကော်စတာက သွင်းယူပါတယ်။ ချဲလ်ဆီးအတွက် ဒုတိယဂိုးကို လူစားဝင်လာတဲ့ လာတက်ချီစ်က ၆၈ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်း ကွင်းလယ်ကစားကွက် အသာစီးယူနိုင်ပေမယ့် စကန်သိုအသင်းက အပြန်အလှန် ထိုးဖောက် ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ချဲလ်ဆီး နောက်တန်းသမား ဆီဇာက ရရှိသွားပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up