ပါရီမြို့တော်ရှိ ရှာလီအက်ဒိုမဂ္ဂဇင်း တိုက်ခိုက်ခံရမှု တနှစ်ပြည့်အခမ်းအနား ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့တနှစ်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ရှာလီအက်ဒိုမဂ္ဂဇင်း တိုက်ခိုက်ခံရမှု တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဇန်န၀ါရီ ၁၀ ရက်နေ့က ပါရီမြို့လယ် ရီပတ်ပလစ်ရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ပြင်သစ်သမ္မတ အောလန်၊ ပြင်သစ်ဝန်ကြီးချုပ်နဲ့ ပါရီမြို့တော်ဝန်တို့ တက်ရောက်ခဲ့ပြီး လွမ်းသူ့ပန်းခြင်း ချခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်း မွတ်စလင်အကြမ်းဖက်တွေက ရှာလီအက်ဒို မဂ္ဂဇင်းတိုက်မှာ လူ ၁၂ ဦး၊ ဂျူးကုန်တိုက်မှာ ဓားစာခံ ၄ ဦးနဲ့ ရဲမေ ၁ ဦးတို့ကို ပစ်သတ်ခဲ့ပါတယ်။ တိုက်ခိုက်မှုအပြီး ဇန်န၀ါရီ ၁၁ ရက်နေ့မှာ အဲ့ဒီ ဘာသာရေး အကြမ်းဖက်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချတဲ့ လမ်းလျှောက်ချီတက်ပွဲကြီးတခုကို ကျင်းပခဲ့ပြီး ပါဝင်လမ်းလျှောက်သူ ၁ သန်းကျော် ရှိခဲ့ပါတယ်။ ဒီအောက်မေ့ဖွယ် အခမ်းအနားကို တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပြီး ပြင်သစ် ရော့ခ်အဆိုတော် ဂျွန်နီ ဟာလီဒေက ပါရီမြို့တော် ညီညွတ်ရေး လမ်းလျှောက်ချီတက်ပွဲကြီးကို ဂုဏ်ပြုတဲ့ တေးသီချင်းတပုဒ် သီဆိုဂုဏ်ပြုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up