အက်ဖ်အေဖလားပွဲစဉ် စပါး ၂ – ၂ လက်ဆက်စတာ (ရုပ်သံဟိုက်လိုက်)

1.6K
ဇန်န၀ါရီ ၁၀ ရက်ညက ယှဉ်ပြိုင်တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နောက်ကျသွင်းဂိုးကြောင့် လက်ဆက်စတာအသင်းနဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။
စပါးအသင်းက ပွဲအစ ၈ မိနစ်မှာ အဲရစ်ဆန်သွင်းတဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် လက်ဆက်စတာအတွက် ချေပဂိုးကို ၁၉ မိနစ်မှာ ပြန်လည် သွင်းယူပါတယ်။
ဒီပွဲမှာ စပါးက ဘောလုံးပိုင်ဆိုင်မှု တဘက်သတ် အသာစီးယူ ကစားနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေ ၂၄ ကြိမ်အထိ ရခဲ့ပါတယ်။
လက်ဆက်စတာအသင်းက တန်ပြန်တိုက်စစ်တွေနဲ့ ထိုးဖောက် ကစားသွားပြီး ဒုတိယ ဦးဆောင်ဂိုးကို ဂျပန်ကစားသမား အိုကာဇာကီက သွင်းယူပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း အိုကာဇာကီကပဲ ရရှိသွားပါတယ်။
စပါးအတွက် ဒုတိယ ချေပဂိုးကို အငြင်းပွားဖွယ်ရာ ပင်နယ်တီကနေ တိုက်စစ်မှူး ကိန်းက သွင်းယူပြီး ၂ ဂိုးစီ သရေကျသွားပါတယ်။
ဒီပွဲ သရေကျလို့ လက်ဆက်စတာကွင်းမှာ ပြန်လည်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။