ဟိုက်ဒြိုဂျင်ဗုံး ဖောက်ခွဲမှု လုပ်ပိုင်ခွင့်ရှိဟု မြောက်ကိုရီးယားပြော

In this Oct. 10, 2015, file photo, North Korean leader Kim Jong Un salutes at a parade in Pyongyang, North Korea. Its a single image released by an enormous propaganda apparatus, showing a note handwritten by a dictator. And it contains a telling clue to the mindset behind what has become the biggest story in Asia: North Koreas surprise and disputed claim to have tested its first hydrogen bomb. The Dec. 15, 2015, note from leader Kim Jong Un calls for a New Year marked by the stunning sound of the explosion of our countrys first hydrogen bomb. (AP Photo/Wong Maye-E, File)
894
မြောက်ကိုရီးယားနိုင်ငံမှာ ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုဟာ အမေရိကန်ရဲ့ နျူကလီးယားစစ်ပွဲ ခြိမ်းခြောက်မှုအတွက် ကိုယ့်နိုင်ငံကိုယ် ကာကွယ်ရေးအဆင့် လုပ်ဆောင်တာသာဖြစ်ကြောင်းနဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတခုအနေနဲ့ ဝေဖန်ပြစ်တင်ခံစရာ မလိုပဲ လုပ်ပိုင်ခွင့်လည်း ရှိကြောင်း မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံ KRT ကနေ ခေါင်းဆောင် ကင်ဂျုံအန်းက ဇန်ဝါရီလ ၁၀ ရက်နေ့မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဟိုက်ဒြိုဂျင်ဗုံးဖြစ်ကြောင်း မြောက်ကိုရီးယားရဲ့ပြောကြားချက်ကို အမေရိကန်အစိုးရနဲ့ လက်နက်ပညာရှင်တွေ သံသယဖြစ်ကြပေမယ့်လည်း ဇန်ဝါရီ ၆ ရက်နေ့က လုပ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ၄ ကြိမ်မြောက် နျူကလီးယားစမ်းသပ်ချက်ကြောင့် အမေရိကန်နဲ့တရုတ် ၂ နိုင်ငံလုံး ဒေါသထွက်ခဲ့ကြပါတယ်။
ဒါ့အပြင် ကင်က အမေရိကန်ဟာ ကိုရီးယားကျွန်းဆွယ်ပေါ်မှာ နျူကလီးယားလက်နက်တွေ လာချထားတယ်လို့လည်း စွပ်စွဲထားပါတယ်။
အမေရိကန်ကတော့ တောင်ကိုရီးယားမှာ နျူကလီးယားလက်နက်တွေ ချထားခြင်းမရှိသေးကြောင်းနဲ့ အခု မြောက်ကိုရီးယားရဲ့ စမ်းသပ်ဖောက်ခွဲမှု လုပ်ခဲ့ပြီးနောက်မှာတော့ ကိုရီးယားကျွန်းဆွယ်ပေါ်မှာ မဟာဗျူဟာကျကျ လက်နက်တွေ ထားရှိဖို့ ဆွေးနွေးထားတယ်လို့ ပြောဆိုလိုက်ပါတယ်။
အဲ့ဒီအစီအစဉ်မှာ နျူကလီးယားစွမ်းရည်ရှိတဲ့ B2 နဲ့ B52 ဗုံးကြဲလေယာဉ်တွေနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းတို့ ပါဝင်နိုင်တယ်လို့ မီဒီယာက ထုတ်ပြန်ထားပါတယ်။
ကင်ဂျုံအန်းကတော့ ကွန်ဂရက်ပါတီ ကျင်းပတဲ့နှစ်မှာ တိုက်တိုက်ဆိုင်ဆိုင် စမ်းသပ်လိုက်တဲ့ အချိန်ကောင်းလို့ မှတ်ချက်ပေး ပြောဆိုသွားပါတယ်။