A d v e r t i s e m e n t With Us

ဘိုင်ယန်မြူးနစ် နောက်တန်းသမားကို ဆန်းဒါးလန်း ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် ဆန်းဒါးလန်းအသင်းက ဘိုင်ယန်မြူးနစ် နောက်တန်းသမား Jan Kirchhoff ကို လက်မှတ်ရေးထိုး ခေါ်ယူနိုင်လိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဂျာမန် နောက်တန်းသမားကို ဆန်းဒါးလန်းက ၁၈ လစာချုပ်နဲ့ ခေါ်ယူတာ ဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြခြင်း မရှိပါဘူး။ Jan Kirchhoff က ဗဟိုနောက်ခံလူ နေရာမှာရော၊ ကွင်းလယ်သမားအနေနဲ့ပါ ကစားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အတွေ့အကြုံ ရှိထားတယ်လို့ ဆန်းဒါးလန်း နည်းပြ ဆမ် အလာဒိုက်စ်က ပြောပါတယ်။ Jan Kirchhoff ဟာ အရပ် ၆ ပေ ၅ လက်မ ရှိပြီး ကစားသမားဘ၀ကို မိန်းဇ်အသင်းနဲ့ စတင်ခဲ့ပါတယ်။ ဆန်းဒါးလန်းဟာ လောလောဆယ် ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပြီး တန်းဆင်းဇုန်ထဲက အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up