A d v e r t i s e m e n t With Us

လုပ်ငန်းခွင်အတွင်း ညစ်ညမ်းပုံကြည့်သည့် ကန်ရေတပ်အရာရှိ အလုပ်ထုတ်ခံရ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေးဂိုးအခြေစိုက် ပစိဖိတ် ရေတပ်သင်္ဘောအရာရှိတဦးဟာ လုပ်ငန်းသုံးကွန်ပြုတာနဲ့ ညစ်ညမ်းပုံတွေကြည့်ခဲ့တဲ့အတွက် အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ရစ်ခ်ဝီလျံအမည်ရတဲ့ အဲဒီအရာရှိကို အထက်အရာရှိ နိုရာတိုင်ဆန်က ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၈ ရက်နေ့မှာ အလုပ်က ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ နေဗီတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ သူဟာ အစိုးရပိုင် ရုံးသုံးကွန်ပြူတာကို အလွဲသုံးစားလုပ်ခဲ့တာဖြစ်ပြီး ကနဦးတွေ့ ရှိမှုတွေမှတဆင့် ဆက်လက်စစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ရေတပ်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လုပ်ငန်းစစ်ဆေးရေး လုပ်ငန်းချိန်အတွင်းမှာ ၀ီလျံဟာ ကွန်ပြူတာပေါ်က ညစ် ညမ်းပုံတွေကို ကြည့်ရှုနေခဲ့တာဟာ ရေတပ်စည်းမျဉ်းစည်းကမ်းကို ဆိုးဆိုးဝါးဝါးထိခိုက် စေတယ်လို့ အဲဒီဖြစ်ရပ်ကို မျက်မြင်တွေ့ခဲ့သူ ရေတပ်နဲ့နီးစပ်သူတဦးက ဆိုပါတယ်။ “ဒါဟာ အမှားလေးတခု လုပ်မိရုံမဟုတ်ဘူး။ လုံလောက်တဲ့ သတင်းအချက်အ လက်တွေလည်း ရှိတဲ့အတွက် ဒါဟာ သာမန်အမှားတခုမဟုတ်ဘူး”လို့ သူကပြောပါ တယ်။ ၀ီလျံဟာ ရိုချက်စတာနည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ပြန်တမ်းဝင်အရာရှိအဖြစ် စတင်လုပ်ကိုင်ခဲ့ကာ ရာထူးအဆင့်ဆင့်ဖြတ်သန်းပြီးမှ လက်ရှိအချိန်မှာတော့ တိုက် သင်္ဘောအုပ်စု ၁၅ ရဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ သူ့ရဲ့နေရာမှာ အရာရှိ ခရစ်စ်ဘန်းက ယာယီတာဝန်ယူထားရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up