A d v e r t i s e m e n t With Us

ရော်နယ်ဒို ရီးရဲလ်ကို စွန့်ခွာမည်မဟုတ်ဟု နည်းပြဇီဒန်း ပြော

Real Madrid's Cristiano Ronaldo celebrates his second goal against Celta Vigo during their Spanish First Division soccer match at Santiago Bernabeu stadium in Madrid January 6, 2014. REUTERS/Andrea Comas (SPAIN - Tags: SPORT SOCCER)
တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ ရီရဲလ်မက်ဒရစ်အသင်းကို စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ နည်းပြ ဇီဒန်းက ပြောပါတယ်။ ရော်နယ်ဒိုဟာ အသင်းရဲ့ ၀ိညာဉ်ဖြစ်တယ်လို့လည်း နည်းပြက ဆိုထားပ့တယ်။ မန်ယူ နည်းပြ ဗန်ဂါးကတော့ ပေါ်တူဂီ တိုက်စစ်မှူးကို ပြန်ခေါ်လိုကြောင်း ပြောဆိုထားပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၉ မှာ မန်ယူကို စွန့်ခွာပြီး အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ ရီရဲလ်ကို ပြောင်းရွှေ့သွားခဲ့တာပါ။ သူဟာ ရီရဲလ်အသင်းမှာ ဂိုးသွင်းအများဆုံး စံချိန်ကို တင်ထားသလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ၃ ကြိမ် ဆွတ်ခူးထားပါတယ်။ ရော်နယ်ဒိုဟာ ရီရဲလ်မှာ ကစားတဲ့ ၇ ရာသီအတွင်း လာလီဂါ ချန်ပီယံ ၁ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စပိန်ဖလား ၂ ကြိမ် ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up