A d v e r t i s e m e n t With Us

ဟယ်ရီကိန်းကို ရောင်းမည်မဟုတ်ဟု စပါးစ်နည်းပြပြော

တိုက်စစ်မှူး ဟယ်ရီကိန်းကို ရောင်းထုတ်မှာ မဟုတ်ဘူးလို့ တော့တင်ဟမ် ဟော့စပါးစ်နည်းပြ ပိုချက်တီနိုက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ခြေစွမ်းပြ ကစားနေနိုင်လို့ ဥရောပရဲ့ ထိပ်တန်း အသင်းကြီးဖြစ်တဲ့ ရီရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူ ဖြစ်ပါတယ်။ “ဟယ်ရီကို ရောင်းမှာ မဟုတ်ပါဘူး။ သူကလည်း အသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိပါတယ်” လို့ အသက် ၄၃ နှစ်အရွယ် နည်းပြက ပြောပါတယ်။ အသက် ၂၂ နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူးဟာ ဒီနှစ်ရာသီမှာ စပါးစ်အတွက် ၁၃ ဂိုး သွင်းပေးထားပြီး အသင်းကို အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်အောင် ကူညီထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up