ဇနီးဖြစ်သူ သမ္မတဖြစ်ပါက အမေရိကန် ပြန်ပြီးကြွယ်ဝလာမည်ဟု ဘီလ်ကလင်တန်ပြော

U.S. Democratic presidential candidate Hillary Clinton is joined onstage by her husband former President Bill Clinton after she delivered her "official launch speech" at a campaign kick off rally in Franklin D. Roosevelt Four Freedoms Park on Roosevelt Island in New York City, June 13, 2015. REUTERS/Carlo Allegri
1.1K
အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်က သူ့ဇနီး ဟီလာရီ ကလင်တန်သာ သမ္မတသစ် ဖြစ်လာမယ်ဆိုရင် အမေရိကန်နိုင်ငံဟာ တကျော့ပြန် ကြွယ်ဝ ချမ်းသာလာမယ်လို့ ဇန်န၀ါရီ ၇ ရက်နေ့က ပြောလိုက်ပါတယ်။
အိုင်အိုဝါပြည်နယ် စီဒါရာပစ်မြို့က ထောက်ခံသူ လူအုပ်ကို မိန့်ခွန်းပြောချိန်မှာ ခုလို ပြောလိုက်တာပါ။
ဘီလ်ကလင်တန်ဟာ သူ့ဇနီးအတွက် မဲဆွယ်လှုပ်ရှားမှု အများအပြား လုပ်ပေးဖို့ မျှော်လင့်ထားပါတယ်။ ပထမဆုံး မဲပေးပွဲကို ၂၀၁၆ နိုဝင်ဘာမှာ ကျင်းပမှာပါ။
ဘီလ်ကလင်တန်ဟာ ဒီမိုကရက် ပါတီဝင်တွေကြားမှာ လူကြိုက်များဆဲဖြစ်လို့ ထောက်ပံ့မှုတွေ ရနေဆဲပါ။
ဒါပေမယ့် ရီပတ်ဗလစ်ကင် ပါတီရဲ့ သမ္မတလောင်း ကိုယ်စားလှယ် ဒေါ်နယ် ထရမ့်ပ်ကတော့ မျိုးဆက်သစ် မဲရှင်တွေဟာ ဘီလ်ကလင်တန်ရဲ့ ကျော်မကောင်း ကြားမကောင်း ဖြစ်မှုကို မမှတ်မိလောက်အောင် ငယ်သေးတယ်လို့ ပြောရင်း ထိုးနှက်ခဲ့ပါတယ်။
လီလ်ကလင်တန်ဟာ ၁၉၉၈ ခုနှစ် သမ္မတ သက်တမ်း တာဝန်ထမ်းဆောင်စဉ်က အိမ်ဖြူတော် ၀န်ထမ်းတဦးဖြစ်တဲ့ မော်နီကာ လူဝင်စကီးနဲ့ အရှုပ်တော်ပုံကိစ္စ ကမ္ဘာသိဖြစ်ခဲ့တာကို ဒေါ်နယ် ထရမ့်ပ်က ရည်ညွှန်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီလိုခင်ပွန်းကို နှစ်သက်တဲ့ အမျိုးသမီးက အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့လည်း ဒေါ်နယ်ထရမ့်ပ်က ပြောဆိုခဲ့ပါတယ်။
ဘီလ်ကလင်တန်ဟာ သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း အလုပ်လက်မဲ့နှုန်းကို အမေရိကန် သမိုင်းမှာ စံချိန်တင်အောင် လျှော့ချနိုင်ခဲ့သူပါ။
ဒါ့အပြင် သူ့အရင် သမ္မတလုပ်ခဲ့သူ ဂျော့ဒဗလျူ ဘုရှ်ရဲ့ လက်ထက်ကထက် ဝင်ငွေခွန် ပိုရခဲ့ပြီး တိုင်းပြည်ရဲ့ ကြွေးမြီကိုလည်း ၁၀ ရာခိုင်နှုန်းထိ လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ကျော်မကောင်း ကြားမကောင်း ကိစ္စကို ဝန်ခံခဲ့ပေမယ့် ဒုတိယ သမ္မတ သက်တမ်းကို ထပ်ပြီး ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။
အိုင်အိုဝါ ပြည်နယ်အတွက် မူဝါဒဆုံးဖြတ်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။