ထိုင်းနိုင်ငံ ဖူးခက်လေဆိပ်တွင် ဗုံးပါသည်ဟု ခြိမ်းခြောက်သည့် လူငယ်ကို ဖမ်းဆီး

740
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်လေဆိပ်မှာ ဗုံးပါတယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ အသက် ၂၀ အရွယ် ထိုင်း လူငယ်တဦးကို အာဏာပိုင်တွေက ဇန်န၀ါရီ ၉ ရက်နေ့မှာ ဖမ်းဆီးထားပါတယ်။
ထိုင်းလူငယ်ဟာ လေဆိပ် စစ်ဆေးရေး ဂိတ်အ၀င်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်း အမျိုးသမီးကို မကျေနပ်လို့ အခုလို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ထိုင်း Maticho သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီလူငယ်ဟာ လေဆိပ်ဝန်ထမ်းအမျိုးသမီးက စက်နဲ့ စစ်ဆေးဖို့ ဖိနပ်ချွတ်ခိုင်းတာကို မကျေနပ်တာကြောင့် ငါမှာ ဗုံးပါတယ်၊ ဗုံးရှိတယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာလို့ ပြောပါတယ်။
ရဲတွေက အဲဒီထိုင်းလူငယ်ကို ဗုံးနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး တစုံတရာ မတွေ့ပါဘူး။ အဲဒီလူငယ်ဟာ ဘန်ကောက်မြို့ရဲ့ ဘန်ကော့ရိုင်ဒေသခံ ဖြစ်ပါတယ်။
သူ့ကို ထိုင်းဥပဒေ ပုဒ်မ ၂၂ အရ လေဆိပ်က ခရီးသည်တွေ အထိပ်တလန့် ဖြစ်စေမှုနဲ့ ဖူးခက်မြို့နယ် ထချချိုင်း ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်သွားမယ်လို သိရပါတယ်။