A d v e r t i s e m e n t With Us

ရန်ကုန်ကမ်းနားလမ်းတွင် လျှပ်စစ်ရထား စတင်ပြေးဆွဲ

ဒီကနေ့မနက်ပိုင်းကစပြီး ရန်ကုန်၊ ကမ်းနားလမ်းတလျှောက်မှာ လျှပ်စစ်ရထား စတင်ပြေး ဆွဲနေပါတယ်။ လျှပ်စစ်ရထားပြေးဆွဲနိုင်ဖို့ မီးရထားဝန်ကြီးဌာနနဲ့ ဂျပန်ကုမ္ပဏီတခုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့တဲ့ ပြဿ နာကို တဖက်တလမ်းက ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်၊ ပုဇွန်တောင်ကနေ အလုံ၊ ထော်လီကွေ့အထိ ပြေးဆွဲမယ့် လျှပ်စစ်ရထားမှာ အတွဲ ၃ တွဲပါဝင်ပြီး ခရီးသည် ၂၀၀ လောက် လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ခရီးစဉ်အကွာအဝေး ၁ မိုင်ခွဲလောက်ရှိတဲ့ လျှပ်စစ်ရထားကို တယောက် ကျပ် ၁၀၀ နှုန်းနဲ့ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ အခု စတင်ပြေးဆွဲတဲ့ လျှပ်စစ်ရထားလမ်းနဲ့ မြို့ပတ်ရထားလမ်းတို့ ချိတ်ဆက်ပြေးဆွဲနိုင်မှုကို လာမယ့် ဧပြီလမှာ စတင်လုပ်ဆောင်ဖို့ရှိပြီး ရေရှည် မြို့ပတ်ရထားလမ်းမှာ လျှပ်စစ်ရထားပြေးဆွဲဖို့ အစီအစဉ်ရှိတယ်လို့ မီးရထားဌာနက စုံစမ်းသိရှိရပါတယ်။  

A d v e r t i s e m e n t With Us

More News
Up