A d v e r t i s e m e n t With Us

အာဆင်နယ် ၃-၁ ဆန်းဒါးလား၊ နော့ဝစ်ခ်ျ ၀-၃ မန်စီးတီး (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၉ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား တတိယအဆင့်မှာ အာဆင်နယ်က ဆန်းဒါးလန်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ၁၇ မိနစ်မှာ ဆန်းဒါးလန်းက စတင်သွင်းယူပါတယ်။ အာဆင်နယ်အတွက် ချေပဂိုးကို ၂၅ မိနစ်မှာ ကမ်းဘဲလ်က သွင်းယူပါတယ်။ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု တဖက်သတ် အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်အကြိမ်ရေ ၂၅ ကြိမ်အထိ ရခဲ့ပါတယ်။ ဒုတိယပိုင်း ၇၂ မိနစ်မှာ ရမ်ဆေးက သွင်းယူပြီး တတိယဂိုးကို ၇၅ မိနစ်မှာ  ဂျီရှုက သွင်းယူပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ အာဆင်နယ် နောက်ခံလူ ဘယ်လီရင်က ရရှိသွားပါတယ်။ အာစင်နယ်အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဖြစ်ပြီး ချန်ပီယံ ၁၂ ကြိမ်နဲ့ အောင်မြင်မှု အများဆုံး အသင်းလည်း ဖြစ်ပါတယ်။ အက်ဖ်အေဖလား တခြားပွဲစဉ်တခုမှာတော့ မန်စီးတီးအသင်းက အဝေးကွင်းမှာ နော့ဝစ်ခ်ျစီးတီးအသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၆၊ ၃၂ နဲ့ ၇၉ မိနစ်တွေမှာ အဂွါရို၊ ကလစ်ချီနဲ့ ကီဗင်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up