Home
မြန်မာသတင်း
၂၀၁၅ ခုနှစ် စစ်ကိုင်းတိုင်းအတွင်း တရားမ၀င် သစ်တန်ချိန် ၈၀၀ ကျော် ဖမ်းမိ
DVB
·
January 9, 2016
14523181851452318267l copy
12509575_1716511245301900_7855965465050881848_n
12496432_1716511265301898_7322251894406230351_o
10320928_1716511178635240_95966631538262409_o
စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၁၅ ခုနှစ်အတွင်း တရားမ၀င်သစ် သယ်ဆောင်မှု ဖမ်းဆီးအရေးယူရာမှာ တန်ချိန်ပေါင်း ၈၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး အများစုမှာ တန်ဖိုးကြီး တမလန်းသစ်တွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။ တရားမဝင်သစ်မှောင်ခို သယ်ဆောင်သူတွေဟာ ကားအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ သယ်ယူကြပြီး အများအားဖြင့် ညပိုင်းမှာမောင်းနှင်ကြတာလို့ ဆိုပါတယ်။ တချို့ကားတွေဆို ယဉ်တိမ်းမှောက်မှုဖြစ်မှသာ တရားမဝင်သစ်တွေ သယ်ဆောင်လာတဲ့ ကားဖြစ်တယ်ဆိုတာ သိရှိရကြောင်း တာဝန်ရှိသူက ဆိုပါတယ်။ စစ်ကိုင်းတိုင်းအတွင်း တရားမ၀င် သစ်သယ်ဆောင်မှု အများဆုံးမှာ ကသာခရိုင်နဲ့ ရွှေဘို ခရိုင်တို့ ဖြစ်ကြောင်း သိရပြီး တရုပ်နိုင်ငံဘက်ကို ခိုးယူရောင်းချနေကြကြောင်း သိရပါတယ်။ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ သစ်တွေကတော့ တမလန်းသစ် ၄၃၇ တန်ကျော်၊ ကျွန်းသစ် ၂၈၀ တန်ကျော် နဲ့ ပိတောက်လိုမျိုး သစ်မာအုပ်စုဝင် အခြားသစ် တန် ၁၅၀ ကျော် ဖမ်းဆီးရမိပြီး သိန်း ၃ ထောင်ကျော် တန်ဖိုးရှိတယ်လို့ ရဲတာဝန်ရှိသူက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ သစ်မှောင်ခိုသယ်ဆောင်သူတွေကို သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၆ (၁) နဲ့ အမှုဖွင့်ခဲ့ပြီး အမှုပေါင်း ၃၃၅ မှု ရှိခဲ့ကာ ၂၀၁၄ ခုနှစ်ထက် ၁၀၉ မှု ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ သတင်းဓာတ်ပုံ - ရန်နိုင်စိုး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024