မန္တလေး-မြစ်ကြီးနား ကုန်ရထား ဘီးချော်တိမ်းမှောက် (ရုပ်သံ)
DVB
·
January 9, 2016
မန္တလေး-မြစ်ကြီးနား အမှတ် ၉၃၄ အစုန်ကုန်ရထားဟာ ဒီနေ့ မွန်းလွဲပိုင်းက နဘားနဲ့ အင်းတော် ဘူတာအကြားမှာ ရထားတွဲ ဘီးချော်မှုဖြစ်ပွားခဲ့ပြီး တိမ်းမှောက်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နဘားဘူတာနဲ့ အင်းတော်ဘူတာအကြားမှာ ကုန်ရထားတတွဲ ဘီးချော်မှု ဖြစ်ပွားခဲ့ရာကနေ ရထားတွဲ လေးတွဲ တိမ်းမှောက်ခဲ့တယ်လို့ အင်းတော်ဘူတာ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရထားတွဲ တိမ်းမှောက်မှုကြောင့် ခရီးသည်နဲ့ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အခင်းဖြစ်နေရာမှာ မီးရထားတာဝန်ရှိသူတွေ သွားရောက်ပြုပြင်နေပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း ပြန်ဖွင့်နိုင်မယ့်အချိန်ကိုတော့ မခန့်မှန်းနိုင်သေးဘူးလို့ အင်းတော်ဘူတာ တာဝန်ရှိသူက ပြောပါတယ်။
ရုပ်သံ - ကိုကိုလင်း