A d v e r t i s e m e n t With Us

တိုက်ရိုက်ထုတ်လွှင့်မှုတွင် အပေါ်ပိုင်းဗလာကျင်းဖြစ်ခဲ့သည့် သတင်းထောက် (ရုပ်သံ)

ခုသီတင်းပါတ်အစောပိုင်းက ချီလီရုပ်မြင်သံကြားသတင်းဌာနရဲ့ အစီအစဉ်တင် ဆက်သူတဦးဟာ ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု တခု တင်ဆက်နေစဉ်မှာ မတော်တဆ အပေါ်ပိုင်းဗလာကျင်းဖြစ်ခဲ့ရပါတယ်။ ဘာနာဒီတာမစ်ဒယ်လ်တန်ဟာ “အားလုံးအတွက် မင်္ဂလာပါ” အမည်ရတဲ့ ချီလီ ရုပ်သံအစီအစဉ်ရဲ့ နာမည်ကျော် တင်ဆက်သူတဦးဖြစ်ပြီး ရီနာကာ ကမ်းခြေမြို့က တိုက်ရိုက်ထုတ်လွှင့်မှုတခုမှာ ခုလိုဖြစ်ခဲ့တာပါ။ သူဟာ ကမ်းခြေမှာ အပေါ်က ထပ်ဝတ်လာတဲ့အ၀တ်အစားတွေကို ချွတ်ချခဲ့ပြီး ရေကူးဝတ်စုံနဲ့ ရေထဲကို ဆင်းခဲ့စဉ်မှာ လှိုင်းကြောင့် ၀တ်စုံအပေါ်ပိုင်း လျှောကျသွားခဲ့တာပါ။ ဘာနာဒီတာက “တကယ်တမ်းက ကျမရေထဲဆင်းမယ့် အစီအစဉ်မရှိခဲ့ပါဘူး။ ရေကူးဝတ်စုံကလည်း မကြာသေးခင်ကမှ လက်ဆောင်ရထားတဲ့အသစ်မို့ ကြိုးကို သေ ချာမချိတ်နိုင်တာကြောင့် ခုလိုဖြစ်သွားခဲ့တာ”လို့ ပြောပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်မှာ ဘာနာဒီတာဟာ ရေထဲမှာ လျှောကျသွားတဲ့ ရေကူးဝတ်စုံအ ပေါ်ပိုင်းကို ဆွဲတင်ခဲ့ရတာကို တွေ့ရပါတယ်။ သူ့ရဲ့ဖြစ်ရပ်ဟာ အဲဒီနေ့မှာ အင်တာနက်လူမှုကွန်ရက် အသုံးပြုသူတွေကြား ပြောစရာတခုဖြစ်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ “ရီကာနာမှာ လှိုင်းတွေက ကြမ်းပြီး ခုလိုအမြဲဖြစ်နေကျပဲ။ ရှင်တို့လည်း ရေကူး ၀တ်စုံတွေကို သေသေချာချာဝတ်ပြီး ဆွဲတင်ထားဖို့လိုလိမ့်မယ်ရှင့်” လို့ ရယ်မောပြီး ပြောခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို တီဗွီအန်ဝက်ဘ်စာမျက်နှာပေါ်မှာ လူပေါင်းများစွာ ၀င် ရောက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ ရယ်မောပျော်ရွှင်စရာကောင်းတဲ့ အခြေအနေတခုပါလို့ ဘာနာဒီတာက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up