လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားတဦး ထပ်မံသေဆုံး

ဗြိတိန်နိုင်ငံသား ဟန်နာဝစ်သာရစ်ခ်ျနဲ့ ဒေးဗစ်မေလာတို့ အသတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ၊ လိပ်ကျွန်းပေါ်မှာ နိုင်ငံခြားသားတဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Islandecho သတင်းမှာ ဇန်န၀ါရီ ၈ ရက်နေ့က ဖော်ပြပါတယ်။ သေဆုံးသူ အသက် ၂၇ နှစ်အရွယ် လုခ်မေလာဟာ ၅ ပတ်ကြာ အားလပ်ရက်ခ ရီးအဖြစ် သူငယ်ချင်းတဦးနဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တည်းက ဗြိတိန်နိုင်ငံမှ ထွက်ခွာလာခဲ့တာပါ။ သူ့ရဲ့သေဆုံးမှုကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အတည်ပြုပေးခဲ့ပြီး ဘာကြောင့် သေဆုံးရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ မီလာဟာ ထိုင်းနိုင်ငံ မလာရောက်ခင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ရှင်သန်နေတဲ့ဘ၀ အပြည့်အ၀ရရှိရန်”လို့ ရေးသားခဲ့တာပါ။ ဗြိတိန်နိုင်ငံခြားရေးရာနဲ့ ဓနသဟာယဆိုင်ရာရုံးရဲ့ဇန်န၀ါရီလ ၈ ရက်နေ့ညနေပိုင်းမှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ “ကျနော်တို့ ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ သေဆုံးသွားတဲ့ (လုခ်မေလာရဲ့) မိသားစုဝင်တွေကို ကူညီပေးနိုင်ဖို့ လုပ်နေပါတယ်။ ထိုင်းတာဝန်ရှိသူတွေက ခုလိုသေဆုံးရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးနေကြပြီး ကျနော်တို့ အနေနဲ့ သူတို့နဲ့ ဆက်သွယ်ဖို့ ရှိနေပါတယ်”လို့ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up