A d v e r t i s e m e n t With Us

ချီးယားစ်လုပ်ပြီး အရက်အတူသောက်ပေးသည့် ရိုဘော့စက်ရုပ် (ရုပ်သံ)

တကိုယ်တော်ယမကာလုလင်တွေအတွက် အဖော်ပြုပေးနိုင်မယ့် ရိုဘော့စက်ရုပ်ကို တောင်ကိုရီးယားနိုင်ငံမှာ တီထွင်နိုင်ခဲ့ပြီလို့ မေရာသတင်းမှာ ဇန်န၀ါရီလ ၈ ရက်နေ့ က ဖော်ပြပါတယ်။ တီထွင်သူ တောင်ကိုရီးယားနိုင်ငံသား အွန်ချန်ပါ့ခ်ဟာ လွန်ခဲ့တဲ့သုံးနှစ်တုန်းက  ခရစ္စမတ်နေ့မှာ တယောက်တည်း အရက်သောက်ခဲ့ရကာ အထီးကျန်ဖြတ်သန်းခဲ့ရချိန်မှာ ခုလိုတီထွင်ဖို့ စိတ်ကူးရခဲ့တာလို့ ဆိုပါတယ်။ ယူကျူအင်တာနက်စာမျက်နှာပေါ်မှာတင်ထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာ “ဒီစက်ရုပ်ကို ကျနော်က ‘ဒရင်ခီ’လို့ အမည်ပေးထားပါတယ်။ သူဟာ ကောင်းကောင်း သောက်နိုင်ပါတယ်။ ၂၀၁၂ ခုနှစ် ခရစ္စမတ်တုန်းက ဆိုဂျူကို တယောက်တည်းသောက် နေခဲ့ရတာ။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက ကျနော့်မှာ မိန်းကလေးမိတ်ဆွေမရှိ ဘူးလေ။ တယောက်တည်း သောက်ရတာ တော်တော်ဆိုးဝါးတယ်ဗျ။ ဒါကြောင့် ကျနော် ထပ်မသောက်နိုင်တော့ဘူး။ နောက်ဆုံးမှာ ကျနော် ဖန်ခွက်အလွတ်တလုံးကို ယူ၊ ရှေ့ မှာချပြီး လောင်းထည့်လိုက်တယ်။ အဲဒီနောက် ကျနော်ကိုယ်တိုင်ပဲ ချီးယားစ်လုပ်ပြီး ခွက်ချင်းတေ့ပြီး သောက်လိုက်တော့ ကျနော့်ရှေ့မှာ တယောက်ယောက်ရှိနေသလိုခံစား ရတယ်။ အိုး… တကယ်ထူးဆန်းတာပဲ။ ကျနော်သောက်ရတဲ့ အရသာဟာ လုံးဝပြောင်းလဲသွားတယ်။ ဒီအချိန်မှာ ကျနော်ရှာတွေခဲ့တယ်။ အရက်ရဲ့အရသာဟာ အဖော်တ ယောက်ရဲ့ တည်ရှိမှုပေါ်တည်မှီနေတယ်ဆိုတာကိုပေါ့။ ဒါဟာ ကျနော် ဒီရိုဘော့စက်ရုပ် တီထွင်ဖြစ်ခြင်းရဲ့ အကြောင်းပါပဲ”လို့ ရေးခဲ့တာပါ။ ဒါဟာ ၂၀၁၆ ခုနှစ်မှာ အရင်ကတီထွင်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ရိုဘော့စက်ရုပ်တွေ နောက်မှာ တိုးတက်လာမှုတခုလည်းဖြစ်ပါတယ်။ စိတ်ကူးပုံဖော်လူသားပုံတူစက်ရုပ်တွေရဲ့ စစ်မှန်မှုနောက်ကလိုက်လာတဲ့ တီထွင် မှုတွေဟာ ပိုမိုတွင်ကျယ်လာတယ်လို့လည်းသတင်းမှာ ဖော်ပြပါတယ်။ ဆန်းဒါးလန်းတက္ကသိုလ်၊ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှုနဲ့ စိတ်ပညာဌာနမှ ပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာ ဟယ်လင်ဒရစ္စကောလ်က နောင်လာမယ့်နှစ်အနည်းငယ် အတွင်းမှာ ရိုဘော့တွေအသုံးပြုပြီး စိတ်ခံစားမှုချင်းဆက်နွှယ်မှုဆိုင်ရာနည်းပညာတွေ ဟာ ခုထက်ပိုပြီး ဗဟိုချက်မဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up