Home
မြန်မာသတင်း
မြန်မာ့ ပယင်းကျောက်တွင်းမှ နှစ်သန်း ၁၀၀ သက်တမ်းရှိ ကပ်ပါးကောင်ကို တွေ့ရှိ
DVB
·
January 9, 2016
956c28d0-b527-11e5-8295-b78d94b9df5f_486x
924abdf6-b527-11e5-8295-b78d94b9df5f_486x
84d92a5e-b527-11e5-8295-b78d94b9df5f_1280x720
8ed80494-b527-11e5-8295-b78d94b9df5f_486x
8abf9dcc-b527-11e5-8295-b78d94b9df5f_486x
တရုတ်နိုင်ငံသားတဦးပိုင် မြန်မာနိုင်ငံထွက် ပယင်းကျောက်တွင်းမှ နှစ်သန်း ၁၀၀ သက်တမ်းရှိ ကပ်ပါးကောင်တကောင်ကို တွေ့ရှိခဲ့တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှုအသစ်တရပ်မှာ ဖော်ပြပါတယ်။ သုတေသနပညာရှင်တွေရဲ့အဆိုအရ အဲဒီကပ်ပါးကောင်ဟာ တောင်ပံပါရှိပြီး သမိုင်းမှာ တခါမှ မတွေ့ဖူးခဲ့သေးဘူးလို့ ဆိုပါတယ်။ ဒီအင်းဆက်ကပ်ပါးကောင်တွေရဲ့ နေထိုင်ရှင်သန်မှုဟာ ကမ္ဘာပေါ်မှာ ဒိုင်နိုဆော မျိုးစိတ်တွေ ရှင်သန်နေထိုင်ချိန်ကာလကတည်းက ဖြစ်တာမို့ ဒါဟာ တော်တော်ရှုပ်ထွေးတဲ့ စနစ်တခုဖြစ်တယ်လို့ ဆိုပါတယ်။ အရှည် ၁ စင်တီမီတာရှိတဲ့ အဲဒီမျိုးစိတ်ကို တရုတ်ဘာသာစကား ဇန် (အပ်လို့အမည်ရ) နဲ့ ဇီယာ (နွေဦးရာသီလို့အမည်ရ) ပေါင်းစပ်ပြီး နောက်မှာ လက်တင်ဘာသာစကားလုံးပေါင်းထည့်ကာ “ဇန်နီယာဇီယာရီ”လို့ အမည်ပေးခဲ့တယ်လို့ ဆောက်သ်ချိုင်းနားမောနင်းပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီတွေ့ရှိမှုကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆုခရိုင် နန်ကျင်း ဘူမိဗေဒနဲ့ ကျောက် ဖြစ်ရုပ်ကြွင်းဆိုင်ရာ တက္ကသိုလ်မှ ဒေါက်တာဝမ်ဘို ဦးစီးတဲ့ သဘာဝသိပ္ပံဂျာနယ်မှာ ဖော် ပြခဲ့တာပါ။ သုတေသနပညာရှင်တွေက ဒီတွေ့ရှိမှုဟာ အင်းဆက်တွေရဲ့ ဆင့်ကဲဖြစ်စဉ်ကို လေ့လာမှု ပြုလုပ်ရာမှာ အဓိကဆန်းသစ်ပြောင်းလဲမှုတရပ်ဖြစ်တယ်လို့ ရေးသားခဲ့ကြ တာပါ။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024