A d v e r t i s e m e n t With Us

ချင်းမိုင်တွင် ယာဉ်ကြောပိတ်၍ လမ်းပေါ်တွင် ကလေးမွေးဖွား

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇန်န၀ါရီလ ၈ ရက်နေ့ မနက်က ဆေးရုံလာတဲ့ ကိုယ်ဝန်ဆောင်မိခင်တဦးဟာ ယာဉ်ကြောပိတ်တာကြောင့် လမ်းမှာဘဲ မီးဖွားလိုက်ရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ချင်းမိုင်ခရိုင် ဆန်ကန်ပိုင်းမြို့နယ်က ထိုင်းတောင်ပေါ်သား ခြံအလုပ်သမား နိုင်းအားယု ရှဲ့ကျိန်ဟာ နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်ဇနီးသည် နန်းအို့ရွှီ ရှဲ့ကျိန်ကို ကလေးမီးဖွားဖို့ ဗိုက်အပ်ထားတဲ့ မဲ့လဲ့ဒစ် ခေါ် ချင်းမိုင်မိခင်နဲ့ ကလေးဆေးရုံကို တင်ဆောင်လာစဉ် ပါဒစ်ရပ်ကွက် မဲ့ပင်းမြစ်ကူးတံတားအလွန်မှာ ဇနီးဖြစ်သူ ရေမြွှာပေါက်လို့ ကယ်ဆယ်ရေးယာဉ်ကို အကြောင်းကြားခဲ့ရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ကယ်ဆယ်ရေးယာဉ် ရောက်ရှိလာချိန်မှာ ဆေးရုံကို မသွားရောက်နိုင်တော့ဘဲ ကားပေါ်မှာ မွေးဖွားပေးခဲ့ရပြီး မွေးဖွားချိန် ၁၀ မိနစ်ကြာမြင့်တယ်လို့ ဆိုပါတယ်။ ကလေးမှာ မိန်းကလေးဖြစ်ပြီး အလေးချိန် ၃၀၀ ဂရမ်ရှိကာ မိခင်နဲ့ ကလေးပါ ကျန်းမာတယ်လို့ ဆိုပါတယ်။ ကလေးဖခင်က ၀မ်းသာစွာနဲ့ ဒါဟာ ဇန်န၀ါရီလ ၉ ရက်နေ့မှာ ကျရောက်မယ့် ထိုင်းနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ကံကောင်းခြင်းလက်ဆောင်လည်း ဖြစ်တယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို ပြောခဲ့ကြောင်း ထိုင်းရတ်သတင်းက ဖော်ပြသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up