လူလိုက်ပါစီးနင်းနိုင်သည့် ကမ္ဘာ့ပထမဆုံး ဒရုန်းလေယာဉ် (ရုပ်သံ)
DVB
·
January 8, 2016
အမေရိကန် ပြည်ထောင်စု လက်စ်ဗီးဂက်စ်မြို့မှာကျင်းပတဲ့ အီလက်ထရောနစ်ပြပွဲမှာ တရုတ်နိုင်ငံက မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေ ထုတ်လုပ်ရောင်းချတဲ့ Ehang ကုမ္ပဏီက လူတဦးနဲ့ ကျော်ပိုးအိတ်ငယ်တလုံး တင်ဆောင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး ဒရုန်းလေယာဉ်ကို ပြသွားပါတယ်။
အချိန် ၂ နာရီအတွင်း အားပြန်ဖြည့်နိုင်တဲ့ လျပ်စစ်ဓာတ်အားသုံး ဒရုန်းယာဉ်ငယ်ဟာ အလေးချိန် ပေါင် ၂၂၀ အထိ သယ်ဆောင်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်မှာ ၂၃ မိနစ်ကြာ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။