ချဲလ်ဆီးက မန်ယူနှင့်အပြိုင် ဘေးလ်ကို တရားဝင် ကမ်းလှမ်း

1.1K
အခုနှစ် ချဲလ်ဆီးအသင်းရဲ့ အခက်အခဲများကို ရုန်းထွက်နိုင်ဖို့အတွက် နာမည်ကြီးကစားသမား တွေကို ခေါ်ယူမယ့် အစီအစဉ်တွေထဲမှာ ရီးရယ်မက်ဒရစ် ကြယ်ပွင့် ဂါရတ် ဘေးလ် တယောက်လည်း အပါအဝင်ဖြစ်ပါတယ်။
“စတန်းဖို့ဘရစ် ကွင်းရဲ့ ရလဒ်ဆိုးတွေကို သူသာလျှင်ကုစားနိုင်မယ်”လို့ ချဲလ်ဆီးအသင်းက ယူဆနေပါတယ်။
နည်းပြ ဘင်နီတတ်ဇ်ကို ထုတ်ပယ်အပြီး ဘေးလ်က သူ့ရဲ့ အနာဂတ်အတွက်စဉ်းစားနေတယ်လို့ ထုတ်ဖော်ပြောပြဖူးပါတယ်။
ချယ်ဆီးက ၂၆ နှစ်အရွယ် တောင်ပံတိုက်စစ်သမား ဂျရက်ဘေးလ် အတွက် ပေါင် ၁၂၀ သန်းလောက် ပေးချေရဖွယ်ရှိနေပါတယ်။
Ref: Metro.co.uk