A d v e r t i s e m e n t With Us

အင်ပင်ရဲစခန်းတွင် တရားခံက ရဲတပ်ကြပ်ကို ပေါက်တူးဖြင့်ခုတ်ပြီး ထွက်ပြေး

မြန်အောင်မြို့နယ် အင်ပင်ရဲတပ်ဖွဲ့စခန်းအတွင်းမှာ တရားခံတဦး ရဲတပ်ကြပ်တဦးကို ဒီနေ့ မနက် ၁၀ နာရီလောက်က ပေါက်တူးနဲ့ ခုတ်ပြီး ထွက်ပြေးမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ တောင်ရိုးတိုက်နယ်မှာ မူးယစ်ရမ်းကားလို့ ခေါ်ယူထိန်းသိမ်းထားတဲ့ တရားခံနဲ့ မှန်တန်းရွာက တရားခံတို့ကို အင်ပင်ရဲတပ်ဖွဲ့စခန်းရှေ့ ရဲသက်သာစိုက်ခင်းမှာ အလုပ်ခိုင်းစေစဉ် ရဲတပ်ကြပ်နဲ့ မှန်တန်းက တရားခံတဦးကို ပေါက်တူးနဲ့ ခုတ်ပြီး ထွက်ပြေးသွားခဲ့တာလို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ ပေါက်တူးနဲ့အခုတ်ခံရတဲ့ ရဲတပ်ကြပ်ဟာ ဒဏ်ရာပြင်းထန်ပြီး  စိုးရိမ်ရတာကြောင့် အင်ပင်တိုက်နယ်ဆေးရုံကနေ အရေးပေါ် လူနာတင်ကားနဲ့ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း သိရပါတယ်။ သတင်းဓာတ်ပုံ - သန်းထိုက်မြင့်  

A d v e r t i s e m e n t With Us

More News
Up