Home
မြန်မာသတင်း
၉ တန်း ကျောင်းသား/ကျောင်းသူ ၁၀ ဦးတွင် ၂ ဦး ကွမ်းစားဟု စစ်တမ်းကဆို
DVB
·
January 8, 2016
a9a7e22857007da9d4272bb3250be74726a3c9221b5512e1f167d3786b8e4a69-622x467
၉ တန်း ကျောင်းသား/ကျောင်းသူ ၁၀ ဦးမှာ ၂ ဦးလောက်ဟာ ကွမ်းစားတဲ့ အလေ့အထ ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သုတေသနစာတမ်းတခုမှာ ဖော်ပြထားပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်မှာရှိတဲ့ ကျောင်းကျန်းမာရေးဌာနက ကျောင်းသား ၁၄၄၆ ဦးကို သုတေသနပြု ကြည့်တဲ့အခါမှာ ကွမ်းစားတဲ့သူ ၂၁.၆ ရာခိုင်နှုန်း၊ ဆေးရွက်ကြီးကို ပုံစံအမျိုးမျိုးနဲ့ စားသုံးတဲ့သူ ၁၁.၅ ရာခိုင်နှုန်းအထိ ရှိတယ်ဆိုတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီထဲက ကွမ်းစားတဲ့ ကျောင်းသူကျောင်းသားတွေထဲက ၁၅ ရာခိုင်နှုန်းလောက်ဟာ အသက် ၁၀ နှစ်မပြည့်ခင်ကတည်းက စားသုံးခဲ့တယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ၉ တန်း ကျောင်းသူကျောင်းသား ၉၄ ရာခိုင်နှုန်းက ကွမ်းစားတာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို သိရှိထားပေမယ့် သူတို့ရဲ့မိဘ အုပ်ထိန်းသူ ၆၀ ရာခိုင်နှုန်းကျော်က ကွမ်းစားတဲ့ အလေ့အထရှိနေတယ်လို့ အဲ့ဒီ သုတေသန စာတမ်းထဲမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် မိဘအုပ်ထိန်းသူ တဦးဦးက ကွမ်းစားတဲ့ အလေ့အထ ရှိတာဟာ အသက် ၁၅ နှစ်နဲ့ ၁၇ နှစ်ကြားလူငယ်တွေအတွက် ကွမ်းစားတဲ့ အလေ့အထ ပိုမိုဖြစ်စေတာကို တွေ့ရှိခဲ့ရတယ်လို့ သုတေသန စာတမ်းထဲမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024