အီရန်သံရုံးကို ဆော်ဒီနှင့် မဟာမိတ်တိုက်လေယာဉ်များ တမင်ဗုံးကြဲတိုက်ခိုက်ဟု အီရန် စွပ်စွဲ (ရုပ်သံ)

2.6K
ယီမင်နိုင်ငံမှာရှိတဲ့ အီရန်သံရုံးကို ဆော်ဒီနဲ့ မဟာမိတ်တိုက်လေယာဉ်တွေက တမင်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အီရန်နိုင်ငံက စွပ်စွဲလိုက်ပါတယ်။ အဲ့ဒီလေကြောင်း တိုက်ခိုက်မှုမှာ သံရုံးဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကို ကိုးကားပြီး အီရန်အစိုးရပိုင်မီဒီယာက ပြောဆိုပါတယ်။
ဇန်န၀ါရီ ၇ ရက်နေ့က ဆနာမြို့တော်မှာ ဆော်ဒီနဲ့ မဟာမိတ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်နည်း လုပ်ခဲ့ကြ တယ်လို့လည်း ဆနာမြို့ခံတွေကပြောဆိုပါတယ်။ ဒါပေမယ့် အီရန်သံရုံးကိုတော့ ထိခိုက်မှုမရှိဘူးလို့လည်း ဆနာမြို့ ခံမျက်မြင်တွေကပြောဆိုပါတယ်။
ဆော်ဒီနဲ့ မဟာမိတ်တွေဖက်ကတော့ ဟူသီသူပုန်တွေရဲ့ ဒုံးကျည်ပစ်စင်တွေကို တိုက်ခိုက်ခဲ့ တာဖြစ်ပြီး အသုံးမပြုတော့တဲ့သံရုံးဟောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောဆိုပါတယ်။
ဆော်ဒီနဲ့ အီရန်တို့ဟာ အထင်ကရ ရှီယာဘာသာရေးခေါင်းဆောင်တဦးကို ဆော်ဒီအစိုးရက ကွပ်မျက်ခဲ့ ပြီးနောက်ပိုင်း သံတမန်ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်ပွားနေတာပါ။ အီရန်ဟာ ရီမန်နိုင်ငံက ရှီယာဟူသီသူပုန်တွေကို နောက်ကွယ်က ထောက်ပံ့နေတယ်လို့ ဆော်ဒီအစိုးရ က စွပ်စွဲထားပြီး အီရန်နိုင်ငံကတော့ ငြင်းဆန်ပါတယ်။