Home
မြန်မာသတင်း
လက်ဖြောင့်သေနတ်သမား လက်ချက်ဖြင့် တပ်ရင်းမှူးကျဆုံးဟု အစိုးရတပ် ထုတ်ပြန်
DVB
·
January 7, 2016
12523187_891745670942572_6395590066323795198_n
12509633_891745944275878_9040830355751140634_n
12508935_891745674275905_3375873011549270973_n
12507627_891745717609234_8577815328664426402_n
12410540_891745750942564_2827422200189315177_n
10603419_891745680942571_554125005044803479_n
946472_891745727609233_8049012334326293935_n
945492_891745700942569_4926971281496570924_n
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဇန်န၀ါရီ ၇ ရက်မှာ ပထမဆုံး သတင်းထုတ်ပြန်လိုက်ပြီး အေအေတပ်ဖွဲ့လက်ဖြောင့် သေနတ်သမား လက်ချက်နဲ့  စစ်တပ်က တပ်ရင်းမှူးတဦး သေဆုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဒီဇင်ဘာ ၂၈ ရက်ကနေ ဇန်န၀ါရီ ၄ ရက်အထိ အစိုးရတပ်နဲ့ အေအေ ခေါ် ရခိုင့်တပ်မတော်တို့ တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က တပ်ရင်းမှူးတဦး အပါအ၀င် အရာရှိစစ်သည်တချို့ သေဆုံးခဲ့တယ်လို့ စစ်တပ်ပိုင်မြ၀တီသတင်းဌာနက သတင်းထုတ်လိုက်တာပါ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရမ်းချောင်း-ရူးချောင်းနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အေအေ အဖွဲ့ထံမှ အလောင်းသုံးလောင်းနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတချို့ သိမ်းဆည်းရခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ စစ်တပ်က တပ်ရင်းမှူးသေဆုံးခဲ့တာဟာ အေအေဘက်က လက်ဖြောင့်သေနတ်နဲ့ ချောင်းမြောင်းပစ်ခတ်မှုကြောင့်လို့ သတင်းထုတ်ပါတယ်။ ဒီနောက်မှာတော့ အေအေအဖွဲ့ဟာ အဖွဲ့ငယ်တွေ ပြန့်ကွဲဆုတ်ခွာထွက်ပြေးပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အရပ်သားအသွင်ယူ ခိုအောင်းနေတယ်၊ အဲ့ဒီကတဆင့် မကွေး၊ စေတုတ္တရာမြို့နယ်မှ တောလမ်းအတိုင်း မင်းပြားမြို့နယ်အတွင်း ဝင်ရောက်လာမယ့် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှုများ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သတင်းက ဆိုပါတယ်။ ဒါ့အပြင် အေအေအဖွဲ့ဟာ ပလက်ဝမြို့နယ် ပြိုင်ငူကျေးရွာရဲ့ အနောက်ဘက် ၁ မိုင်လောက်အကွာမှာ တောင်ယာလုပ်ကိုင်နေတဲ့  အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၇ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။ အေအေအဖွဲ့ဟာ တဖက်နိုင်ငံရှိ ကုလားဆိုးအကြမ်းဖက် အဖွဲ့အစည်းတွေ၊ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး သူတို့အဖွဲ့ကို အကူအညီပေးဖို့ တောင်းဆိုနေတယ်လို့ သတင်းမှာ ဖော်ပြထားပေမယ့် ဘယ်နိုင်ငံဆိုတာကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုရှိအောင် တပ်မတော်အနေနဲ့ အေအေအဖွဲ့ကို အပြီးတိုင် ရှင်းလင်းချေမှုန်း တိုက်ခိုက်သွားမယ်လို့ မြ၀တီသတင်းက ဆိုပါတယ်။ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ (သတင်းဓာတ်ပုံ - မြ၀တီ)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024