A d v e r t i s e m e n t With Us

စစ်ရာဇ၀တ်မှုဖြင့် ဂွါတီမာလာစစ်ခေါင်းဆောင်ဟောင်း ၁၄ ဦးကို ဖမ်းဆီး (ရုပ်သံ)

၃၆ နှစ်ကြာ ဂွါတီမာလာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဂွါတီမာလာစစ်ခေါင်းဆောင်ဟောင်း ၁၄ ဦးကို ဇန်န၀ါရီ ၆ ရက်နေ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ထိန်းသိမ်းခံရသူ ၁၄ ယောက်ထဲမှာ အရင်ဂွါတီမာလာသမ္မတဟောင်း ဖာနန်ဒို ရိုမီယို ဂါစီယာရဲ့ အစ်ကိုဖြစ်သူ အသက် ၈၃ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်းတဦးနဲ့ အရင်ပြည်ထဲရေး ၀န်ကြီးဟောင်းတို့လည်း ပါဝင်ပါတယ်။ ဒီဖမ်းဆီးထိန်းသိမ်းခံရတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေအားလုံးဟာ ပြည်တွင်းစစ်အတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ကြသူဖြစ်ပါတယ်။ ဂွါတီမာလာဒေသခံတိုင်းရင်းသား ၅၅၀ ကျော် ပျောက်ဆုံးခဲ့မှု၊ လူသားတွေပေါ် ကျူးလွန်တဲ့ ရာဇ၀တ်ပြစ်မှုစွဲချက်တွေနဲ့ ရုံးတင်ခံထားရပြီး သူတို့တာဝန်ယူခဲ့တဲ့ ကာလအတွင်း ဒေသခံတိုင်းရင်းသား အယောက် ၅၅၀ ကျော်ပျောက်ဆုံးမှုဟာ လက်တင်အမေရိကန်နိုင်ငံတွေထဲမှာ အကြီးဆုံး လူပျောက်ဆုံးမှုဖြစ်တယ်လို့ လက်ရှိအစိုးရရှေ့နေချုပ်က ပြောဆိုပါတယ်။ ၂၀၁၂ ခုနှစ်က ဒီလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်သူ ဒေသခံပြည်သူ့စစ် ၅ ယောက်ကို ထောင်ဒဏ် အနှစ် ၇၇၀၀ ကျော် ချမှတ်ခံရပါတယ်။ ဂွါတီမာလာ လက်နက်ကိုင်ပဋိပက္ခအတွင်း လူ ၂ သိန်းခွဲလောက် သေဆုံး၊ ပျောက်ဆုံးခဲ့ကြပြီး အဲ့ဒီထဲက ၈၀ ရာခိုင်နှုန်းကျော်ဟာ အဲ့ဒီကာလက အစိုးရတပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂက နောက်ခံတဲ့ အမှုမှန်ဖော်ထုတ်ရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up