Home
မြန်မာသတင်း
ထိပ်တန်း မြန်မာအထည်ချုပ်စက်ရုံ အလုပ်သမားများ ချီတက်ဆန္ဒပြ
နော်နိုရင်း
·
January 7, 2016
12512027_623509354466298_543681253_n
12511865_623509434466290_1799129913_n
12511732_623509267799640_2042582777_n
12511662_623509191132981_1847231194_n
12506850_623509611132939_1100890885_n
12498889_623509557799611_441192715_n
12483555_623509594466274_1407631807_n
12483471_623509614466272_841988344_n
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ မှာရှိတဲ့ "ထိပ်တန်းမြန်မာ" အထည် ချုပ်စက်ရုံက အလုပ်သမား ၂၀၀ လောက် ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ အလုပ်သမားတွေဟာ လုပ်ခလစာ အပြည့်အ၀ရရှိရေးအတွက် ရန်ကုန် ဗိုလ်စိန်မှန်ကွင်းကနေပြီး ဗဟန်းမြို့နယ်က ဟစ်တိုင်ကွင်းကို ချီတက်ဆန္ဒထုတ်ဖော်ခဲ့တာလို့ အလုပ်သမားသပိတ်ကို ဦးဆောင်ကူညီပေးသူ ဦးဝေလင်းက ပြောပါတယ်။ “ကျနော်တို့ တောင်းဆိုတဲ့အချက်က ၁၁ လပိုင်းလစာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ကိစ္စပေါ့နော့်။ ပထမတုန်းကတော့ မြို့နယ်အဆင့် ညှိနှိုင်းရေးရုံးမှာ ကျနော်တို့ ညှိကြတဲ့အခါမှာ အလုပ်ရှင်က ၁၅ ရက်အတွက်ကိုပဲ ပေးမယ်လို့ ပြောတယ်။ ၀န်ထမ်းတွေက အရက် ၂၀ စာတောင်းတယ်။ အလုပ်ရှင်က ၁၅ ရက်ခပဲ ပေးမယ်ဆိုပြီးလုပ်တော့ ပြေလည်မှုမရဘူး။ မရတော့ရန်ကုန် ခုံသမာဓိအဖွဲ့ကို ကျနော်တို့ ဆက်တက်ရတယ်။ ခုံသမာဓိကနေပြီး ဒီလ ၅ ရက်နေ့က ဆုံးဖြတ်ချက်ကျတယ်။ အဲဒီဆုံးဖြတ်ချက်မှာ ရက်ပေါင်း ၃၀ စာကို အပြည့်ပေးစေ ဆိုတဲ့ ဆုံးဖြတ်ချက်ကျ လာတယ်။ ဒါပေမယ့် အလုပ်ရှင်က ခုံသမာဓိ ကောင်စီအထိ ဆက်တက်မယ် ဆိုတဲ့ အခါကျတော့ ကျနော်တို့က လောလောဆယ် လစာက မရသေးဘူးပေါ့နော်။ ဆိုတော့ ကောင်စီမှာလည်း ဒီအမှုကို အချိန်မစွဲဘဲ အမြန်ဆုံးချပေးဖို့ အတွက် တောင်းဆိုတယ်။” "ထိပ်တန်းမြန်မာ" အထည်ချုပ်စက်ရုံ အလုပ်သမား ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် လုပ်ခလစာ အပြည့်အဝ မရတာကြောင့် ဒီဇင်ဘာ ၇ ရက်ကတည်းက စက်ရုံရှေ့မှာ ဆန္ဒပြနေခဲ့ကြတာပါ။ ဒီကနေ့ ဆန္ဒပြ ခွင့်ပြုမိန့်ကိုတော့ လှိုင်သာယာကနေ ၈ မိုင်မှာရှိတဲ့ အလုပ်သမားရုံးချုပ်ကို ချီတက်ဆန္ဒပြခွင့် တောင်းဆိုခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုတဲ့အတွက် ဟစ်တိုင်ကွင်းမှာပဲ အလုပ်သမားတွေ ဆန္ဒပြခဲ့ကြတာပါ။ အလုပ်သမားတွေ စတင်ဆန္ဒပြပြီးနောက်ပိုင်း အလုပ်ရှင်က အဆောင်နေတဲ့သူတွေကို အဆောင်မှာ နေခွင့်မပေးတော့သလို အကြိုအပို့ကားတွေကိုလည်း စီစဉ်မပေးတော့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024