A d v e r t i s e m e n t With Us

စီရော်နယ်ဒိုကို မန်ယူအသင်းသို့ ပြန်လာရန် တရားဝင်ကမ်းလှမ်း

Real Madrid's Cristiano Ronaldo arrives for a friendly soccer match between Real Madrid and Tianjin Teda in Tianjin, August 6, 2011. REUTERS/Jason Lee
ပြင်သစ်နိုင်ငံသားကြီး ဇီဒန်းကို ရီးယဲလ်နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပေမယ့်လည်း စီရော်နယ်ဒိုက ရီးယဲလ်ကနေ ထွက်ခွာချင်နေပါတယ်။ ပြင်သစ်အင်အားကြီးကလပ် ပဲရစ်စိန့်ဂျာမန်း (PSG) ကလည်း မန်ယူနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် မန်ယူကတော့ လက်မလျှောဘဲ စီရော်နယ်ဒိုကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ အပြီးသတ် ခေါ်ယူနိုင် ဖို့လုပ်ဆောင်နေပါတယ်။ မန်ယူအတွက် ဘာစီလိုနာမှ နေမာ၊ ရီးရဲလ်မှ ဘေးလ် တို့ထက်စာရင် အသက် ၃၁ နှစ်ရှိ ရော်နယ်ဒိုကို ခေါ်ဆိုနိုင်ဖို့ ပိုလွယ်ကူနိုင်ပါတယ်။ ဝေးလ်နိုင်ငံသား ဂါရတ်သ်ဘေးလ်က ပရီးမီးယားလိပ်ကိုပြန်လာရင် ချယ်ဆီးနဲ့ မန်စီးတီးကိုသာ စိတ်ဝင်စားကြောင်း ပြောကြားထားပါတယ်။ ရီးရဲလ်တာဝန်ရှိသူတဦးက "ဘေးလ် နဲ့ ရော်နယ်ဒို ဆိုရင် ရော်နယ်ဒိုက ကလပ်က ထွက်ခွာဖို့ ပိုဖြစ်နိုင်ပါတယ်။ ဘေးလ်ကတော့ ကလပ်အနာဂတ်အတွက် ဆက်လက်တွဲဖို့ ရှိပါတယ်" လို့ ပြောကြားလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up