တရုတ်နိုင်ငံသားတွေကို ဗြိတိန်အစိုးရ ၂ နှစ်ဗီဇာ စတင်ထုတ်ပေးမည်

1.2K
အခု လာမယ့်တပတ်ကစပြီး ဗြိတိန်နိုင်ငံကို သွားရောက်ကြမယ့် တရုတ်နိုင်ငံသားတွေကို ဗြိတိန်အစိုးရက ၂ နှစ်ဗီဇာ စတင်ထုတ်ပေးတော့မယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ဇန်န၀ါရီိ ၅ ရက်နေ့က ကြေညာပါတယ်။
ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ဟာမာန် တရုတ်နိုင်ငံကို ၂ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေချိန်အတွင်း ဒီဗီဇာမူဝါဒသစ်ကို ကြေညာခဲ့တာပါ။
ဒီဗီဇာစနစ်သစ်အရ တရုတ်နိုင်ငံသားတွေ ဗြိတိန်နိုင်ငံကို ၂ နှစ်အတွင်း အကြိမ်ကြိမ်ဝင်ထွက်နိုင်ပြီး အချိန်ကြာကြာလည်း နေခွင့် ရရှိကြမယ်လို့ ဗြိတိန်အစိုးရက ဆိုပါတယ်။
ဗြိတိန်နိုင်ငံမှာ ညီလာခံ ဒါမှမဟုတ် အစည်းအဝေး တက်ရောက်ဖို့ ဗြိတိန်နိုင်ငံမှာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် အရင်သွားရောက်လေ့လာချင်တဲ့ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်ကမ္ဘာလှည့် ခရီးသည်တွေအတွက် အကျုံးဝင်မယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဗြိတိန်နိုင်ငံသားတွေလည်း အလားတူ ၂ နှစ်ဗီဇာရရှိကြမှာဖြစ်ပြီး ဗီဇာကြေးကတော့ ဗြိတိန်ပေါင် ၈၅ ပေါင် ပေးသွင်းရမှာ ဖြစ်ပါတယ်။
လက်ရှိလည်း ဗီဇာကြေး ၈၅ ပေါင်ပေးသွင်းရပေမယ့် လောလောဆယ် ၆ လဗီဇာပဲ ရရှိတာဖြစ်ပါတယ်။