မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီဝက် အပြောင်းအရွှေ့ ၁ လကြာ ဖွင့်လှစ်မည်

ဓာတ်ပုံ - Myanmar National League
2K
လာမယ့် မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ခုနှစ် ဘောလုံးရာသီဝက် အပြောင်းအရွှေ့ကို ၁ လကြာ ဖွင့်လှစ်မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီကြို အပြောင်းအရွှေ့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ဖွင့်လှစ်ပေးထားခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲမစတင်ခင် ၁ ရက်အလိုထိ ခေါ်ယူနိုင်ပါတယ်။
ရာသီဝက် အပြောင်းအရွှေ့အတွင်း ပြည်တွင်းလိဂ်မှာ ပါဝင်နေတဲ့အသင်းတွေ အားလုံးကစားသမား အပြောင်းအလဲ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်းနဲ့ ဖွင့်လှစ်မယ့် အချိန်ကတော့ ဧပြီ ၁၈ ရက်မှ မေလ ၁၇ ရက်နေ့အထိ ဖြစ်ပါတယ်။
၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ဇန်န၀ါရီ ၉ ရက်နေ့မှ သြဂုတ် ၂၀ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး ယခုနှစ်ရာသီမှာ မူလက သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း အာရှသားတဦး ပါဝင်တဲ့ (၃+၁) စည်းမျဉ်းအတိုင်း ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် ပွဲချိန်အတွင်း ၃ ဦးသာ ပွဲထွက်ခွင့် ရရှိမှာဖြစ်ပါတယ်။