A d v e r t i s e m e n t With Us

ဈေးဆိုင်ခေါင်မိုးပေါ်မှ တန်ချီနှင်းခဲထု ကြောက်မက်ဖွယ်ပြိုကျ (ရုပ်သံ)

တူရကီနိုင်ငံက လူသူရှုပ်ထွေးတဲ့လမ်းမပေါ်ရှိ ဆိုင်တဆိုင်ရဲ့ ခေါင်မိုးပေါ်ကနေ တန် နဲ့ချီတဲ့ နှင်းခဲထုပြိုကျမှုကြောင့် ခြေလျင်လမ်းလျှောက်လာသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး လမ်းသွားလမ်းလာတွေ ထွက်ပြေးခဲ့ကြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်မှာ ကောင်းကင်ပေါ်ကကျလာသလို နှင်းခဲထုဖြူဖြူတွေဟာ ခေါင် မိုးပေါ်က ရုတ်တရက်ကျလာချိန်မှာ ထွက်ပြေးချိန်မရဘဲ သူတို့ ၂ ဦးအပေါ်ကို ပြိုကျလာပြီး ဖုံးလွှမ်းသွားခဲ့တာကို တွေ့ရပါတယ်။ သူတို့ဟာ ခြေကုတ်ယူပြီး မတ်မတ်ရပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ တောင်လိုပုံနေတဲ့ နှင်းထုတွေအောက်မှာ မြှုပ်နှံလျက်သားဖြစ်သွားခဲ့တာပါ။ လမ်းသွားလမ်းလာတွေဟာ သူတို့ကို နှင်းထုအစုအပုံအောက်က လွတ်မြောက်နိုင်ဖို့ ကူညီပေးခဲ့ကြတယ်လို့ ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဇန်န၀ါရီလ ၅ ရက်နေ့က ဖော်ပြပါတယ်။ ကံကောင်းထောက်မစွာပဲ နှင်းခဲထုအောက်မှာ အသက်မရှုနိုင်ပဲ ပိတ်မိနေရာကနေ လွတ်မြောက်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up