A d v e r t i s e m e n t With Us

ဆားဘီးယား ကွင်းလယ်သမားကို လီဗာပူးအသင်း ပေါင် ၅ သန်းကျော်ပေး ခေါ်ယူ

လီဗာပူးအသင်းက ဆားဘီးယား ကွင်းလယ်သမား မာကို ဂရူဂျစ်ကို ပေါင် ၅ သန်းကျော်ပေးပြီး ခေါ်ယူ လိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်သမား ဂရူဂျစ်ကို လီဗာပူးက ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ လီဗာပူးက ခေါ်ယူတဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိပြီး ဂုဏ်လည်း ယူပါတယ်လို့ ဂရူဂျစ်က ပြောပါတယ်။ လီဗာပူးက သူ့ကို ခေါ်ယူအပြီးမှာ ဆားဘီးယားကလပ် ရက် စတား ဘဲလ်ဂရိတ်အသင်းမှာ အငှား ပြန်လည် ချထားလိုက်ပါတယ်။ သူဟာ လာမယ့် ဇူလိုင်လရောက်မှာ လီဗာပူးအသင်းမှာ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။ ကွင်းလယ်သမားဟာ ဆားဘီးယား ယူ ၂၀ အသင်းနဲ့အတူ ၂၀၁၅ ကမ္ဘာ့ဖလား ယူ ၂၀ ပြိုင်ပွဲမှာ ပါဝင် ကစားထားပြီး ချန်ပီယံဆုကို ဆွတ်ခူးထားပါတယ်။ လီဗာပူးနည်းပြသစ်အတွက်တော့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up