A d v e r t i s e m e n t With Us

မြန်မာပြည်ဝင်ဗီဇာစနစ်များ ထပ်တိုး

မြန်မာနိုင်ငံရဲ့ ပြည်ဝင်ဗီဇာစနစ်တွေကို လက်ရှိကျင့်သုံးနေတဲ့ ၆ မျိုးအစား နောက်ထပ် ၆ မျိုးအပြင် ပြည်ပြန်ဝင်ခွင့်ဗီဇာ ၃ မျိုးကို လာမယ့် ဇန်န၀ါရီ ၁၁ ရက်က စပြီး ကျင့်သုံးတော့မယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနက ကြေညာပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းဗီဇာ၊ ကမ္ဘာလှည့်ဗီဇာ၊ လူမှုရေးဗီဇာ၊ စာနယ်ဇင်း/မီဒီယာဗီဇာ၊ ဆွေးနွေးပွဲ/ သုတေသနဗီဇာနဲ့ ယဉ်အမှုထမ်းဗီဇာတွေကို ၂၈ ရက်ပေးမှာပါ။ ပြီးတော့ လုပ်ငန်းဗီဇာ၊ အလုပ်သမားဗီဇာနဲ့ သာသနာရေးဗီဇာတွေကိုတော့ ရက်ပေါင်း ၇၀ ပေးသွားမှာပါ။ ဖြတ်သန်းဗီဇာကိုတော့ ၂၄ နာရီခွင့်ပြုမှာဖြစ်ပြီး သံတမန်ဗီဇာကိုတော့ တာဝန်ထမ်းဆောင်တဲ့ ကာလအတွက် ခွင့်ပြုသွားမှာပါ။ လုပ်ငန်းဗီဇာ၊ ဖြတ်သန်းဗီဇာ၊ ဆွေးနွေးပွဲ/ သုတေသနဗီဇာနဲ့ ယဉ်အမှုထမ်းဗီဇာတွေကိုတော့ ဆိုက်ရောက် ဗီဇာနဲ့ ထုတ်ပေးမှာပါ။ ပြီးတော့ အကြိမ်ကြိမ် အထူးပြည်ပြန်ဝင်ခွင့်ဗီဇ၊ တစ်ကြိမ်အထူးပြည်ပြန်ဝင်ခွင့်ဗီဇာနဲ့ ပြည်တွင်းမှာ နေထိုင်တဲ့ အမြဲနေထိုင်အရည်အချင်းရှိတဲ့ နိုင်ငံခြားသားတွေအတွက် ပြည်ပြန်ဝင်ခွင့်ဗီဇာတွေကိုလည်း ထုတ်ပေး သွားမှာဖြစ်ပါတယ်။ E Visa လျှောက်ထားတဲ့စနစ်ကတော့ ပြောင်းလဲတာမရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up